Part 137/138

2.8K 292 2
                                    

အခန်း ၁၃၇။ ပြီးသွားပြီ

ယခုအချိန်တွင် ဝူရုန် မျက်နှာထက်ရှိ ဖြူရော်မှုကို စကားလုံးဖြင့် မဖော်ပြနိုင်တော့ပေ။

သူမ မျက်နှာက ‌ပြာပုံပမာ ဖြူရော်သွား၏။

သူမကို ထောက်ခံပေးသည့် အရာလည်း မရှိတော့ပေ။

ရှင်းဟယ်က ထို အချက်များကိုရှာနိုင်လျှင် အမှန်တရားက အမှန်တကယ် ပေါ်သွားပြီးဖြစ်သည်။

အရာအားလုံး ပြီးသွားပြီ။

ဝူရုန်၏ အရေးကြောင်းများဖြင့် မျက်နှာက အနည်းငယ် တွန့်သွားသည်။ သူမ ပါးစပ်က လှုပ်နေသော်လည်း စကားတစ်ခွန်းမှ ထွက်မလာတော့ပေ။

ဝူရွှန်းသည် သူမ အမေ၏ တုံ့ပြန်မှုကို ကြည့်ရင်း တဖြည်းဖြည်း နားလည်သွားတော့၏။

သူတို့ နှစ်ယောက်လုံး အဆုံး သတ်သွားပြီ ဖြစ်သည်။

သားအမိနှစ်ယောက်က ကြောင်အအ ရပ်နေသည်။ သူတို့ အရင်က ထောင်လွှားမှုများသည်လည်း ပျောက်ဆုံးကုန်ကာ ထို အခိုက်အတန့်သည် သားသတ်သမားများကို စောင့်ဆိုင်းနေသည့် ဝက်များနှင့် တူလှပေ၏။

"အမေ…."

ဝူရွှန်းသည် သူ့အမေ၏ လက်မောင်းကို ကိုင်ကာ အားလျော့သည့် အသံဖြင့် ပြောလိုက်၏။

"ဘာ….ဘာလုပ်…..သမီးတို့ အခု ဘာလုပ်ကြမလဲ"

ဒီတော့ ကိုယ့်ကမ္ဘာပြိုလဲတယ်ဆိုတဲ့ ခံစားချက်က ဒါလား။

ထို့ကြောင့် ခံစားလိုက်ရသည့်ကား ကမ္ဘာကြီး ပျက်သွားသည့်အလား။

သူမလည်း ထိခိုက်မှု ကြီးလွန်းသောကြောင့် သူ့သမီးကို နှစ်သိမ့်ရန် ခက်ခဲနေသည်။ ဘလက်သရီးကတောင် သူတို့ကို ရောင်းစားသွားလျှင် သူတို့ ဘာလုပ်နိုင်တော့မည်နည်း။

ဝူရုန်သည် ရှင်းဟယ်ကို မရေမရာဖြင့် ကြည့်လိုက်ကာ အားနည်း‌နေသည့်အသံဖြင့် ပြောလိုက်၏

"နင် ဒီအကြောင်းတွေကို နင်ဘယ်လို ရှာတွေ့ခဲ့တာလဲ။ နင်လိမ်နေတာ။ နင် အကုန်လုံးကို တွေ့ဖို့ဆိုတာ မဖြစ်နိုင်……"

ဝေးလွင့်ပြီးသော အတိတ်Where stories live. Discover now