အခန်း ၁၇၈

2.3K 225 0
                                    

အခန်း ၁၇၈။

စံအိမ်ဟောင်းဆီသို့

သူမက သူ့ဆီ ပြန်သွားမည် မဟုတ်ပေ။ ပြီးနောက် သူမက သူ့သားကို သူကိုယ်တိုင် လုံ့လဝီရိယ စိုက်ထုတ်ပြီး တောင်းဆိုမည် ဖြစ်သည်။ ထို့အတွက်ကြောင့် သူမက ရှီးမိသားစု၏ စံအိမ်ဟောင်းဆီသို့ သွားခြင်း ဖြစ်၏။ သူမက လင်းလင်းကို ရရန်အတွက် မည်သည့်အရာမဆို ကြိုးပမ်းမည်ဖြစ်သည်။ ထိုအရာက သူမ လုံးဝမတတ်နိုင်သည့်အရာ ဖြစ်စေကာမူ လင်းလင်း အန္တရာယ်များသည့် နည်းလမ်းကို လျှောက်သွားမည့် အန္တရာယ်မှ နည်းနိုင်သမျှ နည်းအောင် သူမ ကြိုးပမ်းရှာဖွေရမည် ဖြစ်သည်။ အသေအချာပင် သူမ၏ အာရုံစိုက်မှုက သူ့သား ရှီးမိသားစုမှ အပြည့်အဝ လွတ်မြောက်ခွင့် ရရန်ဖြစ်သည်။

ထို့အတွက်ကြောင့် သူ၏ ခေါင်းထဲတွင် အကြံဉာဏ်တစ်ခု အစပျိုးနေပြီ ဖြစ်သည်။ ထိုအရာက မုပိုင်၏ အဘွားထံမှ ဖြစ်၏။

မုပိုင်၏ အဘိုးရှီးကန်းက ဟွာရှ၏ ထင်ရှားသည့် နိုင်ငံရေး မျက်နှာစာဖြစ်သည်။

သူအနားယူထားသည့်တိုင် သူက သူ့ တော်ဝင်သည့် အမူအရာကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်၏။ ရှီးမိသားစုအတွင်း သူ့ကို ခုခံရဲသူ မရှိပေ။

သူ့အတွက်ကြောင့် ရှီးမိသားစုက ထိုနေ့မှစပြီး အင်အားကြီးကြီးမားမား ရှိခဲ့ပြီဖြစ်သည်။ ရှိတုန်းသာ ရှင်းဟယ်ကို ရှီလင်း၏ ကျွေးမွေးစောင့်ရှောက်ခွင့်ကို ယာယီခွင့်ပြုပါက ကျန်ရှိသည့် သူများက ရွေးချယ်စရာမရှိ သဘောတူရမည် ဖြစ်သည်။

အသေအချာပင်။ ရှီးကန်းက သူမ၏ တောင်းဆိုချက်ကို စဉ်းစားလိမ့်မည် မဟုတ်ပေ။ ရှီးမိသားစု တစ်စုလုံးတွင် သူစကားနားထောင်သည့်သူ တစ်ဦးသာ ရှိသည်။

ထိုသူက သူ၏ဇနီး မုပိုင်၏အဘွားပင် ဖြစ်သည်။

ရှင်းဟယ်သည် ရှီးမိသားစု၏ အစဉ်အလာအကြောင်း အများကြီး မသိသော်ငြား ထိုအချက်ကိုတော့ သူမ အသေအချာ သိ၏။

မုပိုင်၏ အဘိုးကို ဖြောင့်ဖျပြီး လက်ခံနိုင်သူ တစ်ဦးတည်းသာ ရှိသည်။ ထိုအရာက သူ၏ပထမဇနီးပင် ဖြစ်သည်။

ဝေးလွင့်ပြီးသော အတိတ်Où les histoires vivent. Découvrez maintenant