Part 143

2.8K 244 4
                                    

အခန်း ၁၄၃။ ကိုယ်ကျိုးမငဲ့တဲ့ ရှီးမုပိုင်

Maybach ကားသည်လည်း အထိနာသွားသည်။

ကားနှစ်စင်းလုံး ယာဉ်တိုက်မှုကြောင့် ထိခိုက်မှုများလေသည်။ နှစ်စင်းလုံး၏ အင်ဂျင်မှ မီးခိုးများ ထွက်နေတော့သည်။

ရဲစခန်းရှေ့မှာတင် ဖြစ်သွားတာကြောင့် ရဲအရာရှိများ ရုတ်ရုတ်သဲသဲဖြစ်သွားသံကို ကြား၍ ရဲစခန်း ပရဝဏ်မှ အစုလိုက် အပြုံလိုက်ထွက်လာကြလေသည်။

ရှင်းဟယ် အားပြုကာ ထိုင်လိုက်သဖြင့် မျက်နှာရှုံမဲ့နေသည်။ ကျေမွနေသော မေဘတ်ချ်ကားမှ လူကောင်ကြီးကြီး တစ်ဦးကို ရဲသားနှစ်ယောက် ဆွဲထုတ်နေသည်ကို သူမ တွေ့လိုက်ရသည်။

ရှင်းဟယ် လန့်သွား၍ မျက်လုံးများ ပြူးကျယ်သွားသည်။ သူက...ရှီးမုပိုင်။

သူမ ကျိုးကြောင့်သင့် မတွေးလိုက်ရသေးခင်မှာတင် သူမ သတိလစ်သွား၏။

...

မုပိုင်က အသေးအဖွဲဒဏ်ရာများသာ ရလေသည်။ ကြီးကြီးမားမားဟူ၍ သူ၏ ပခုံးမှ သွေးထွက်နေသော ပွန်းပဲ့ဒဏ်ရာသာ ဖြစ်၏။

ရှင်းဟယ်မှာ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြစ်နေပြီး သတိလစ်နေ၏။

နှစ်ဦးလုံးကို လုချီ တာဝန်ထမ်းဆောင်နေသည့် ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်လိုက်ကြသည်။ သူ သတင်းကြားသွားကာ သီးသန့်ခန်းသို့ အပြေးလာလေသည်။

"ဘာဖြစ်ကြတာလဲ။ ကားတိုက်မှုဆို"

"ဟုတ်တယ်" ဟု မုပိုင် ပေါ့ပေါ့ပါးပါးလေး ပြန်ဖြေလိုက်သည်၊ သူ့မျက်လုံးများက သူ့ဘေးနားရှိ ခုတင်ပေါ်မှ ရှင်းဟယ်ဆီ၌သာ ရှိနေသည်။ "သူ့ကို တစ်ချက် ကြည့်ပေးပါဦး"

"ဒေါက်တာလု၊ အမျိုးသမီးရဲ့ အခြေအနေက အမြင်ထက် ပိုအဆင်ပြေပါတယ်။ သူမက သတိလစ်နေတာပဲရှိတာပါ" ရှင်းဟယ်ကို စစ်ဆေးပေးနေသည့် ဆရာဝန်က ခေါင်းမော့လာပြီး အစီရင်ခံလိုက်သည်။

လုချီ ခေါင်းညိတ်လိုက်သည်။ သူ မုပိုင်ကို ဆေးစည်းပေးရန် ပြင်လိုက်သည်။

"သူမ အဆင်ပြေနေပြီဆိုတော့ မင်းကို အရင် ကြည့်ခွင့်ပေး"

မုပိုင် လက်မြှောက်လိုက်ကာ သူ့ကို တားလိုက်သည်။

ဝေးလွင့်ပြီးသော အတိတ်Hikayelerin yaşadığı yer. Şimdi keşfedin