(၅၂) သမီးဖိနပ်ကိုသုတ်ပေးဖို့တောင်မတန်

5.2K 606 8
                                    

Mm Translator : ElysiumGale

(၅၂) သမီးဖိနပ်ကိုသုတ်ပေးဖို့တောင်မတန်
_________________________________

ရှင်းဟယ်မျက်နှာပေါ်တွင် ခက်ထန်သောအကြည့်ပေါ်လာပြီး သွက်လက်သောလက်ချောင်းများက ကီးဘုတ်ပေါ်တွင် ပြေးလွှားနေသည်။ သူမ၏ နံပါတ်များက လျင်မြန်စွာ အလုပ်လုပ်နေ၍ ရှကျီမှာ လိုက်မှီဖို့ခဲယဉ်းနေသည်။

သူမ အစ်မက ပရိုဂရမ်အရည်အချင်းနှင့်ပတ်သတ်လျှင် နည်းနည်း အရူးဆန်သည်ဟု သိသည်။ သို့သော်ငြား သူမ မှော်ပညာကိုဖန်တီးတာမြင်တိုင်း သူရင်သပ်ရှုမောဖြစ်ရသည်။

"အစ်မ၊ ဘာလုပ်နေတာလဲ"
ရှကျီ အရှေ့သို့တိုးကာ လှမ်းမေးလိုက်သည်။

သူ့အစ်မ၏ အာရုံစူးစိုက်မှုအရ တစ်ခုုခုအရေးကြီးတာလုပ်နေသည့်ပုံပင်။

"နင်နားတော့" ရှင်းဟယ်က လက်ပ်တော့ကို မျက်လုံးကနေအကြည့်မလွှဲဘဲ ဆိုလေသည်။

ရှကျီက လိမ်လိမ်မာမာပြန်လှဲလိုက်ပြီး သူမကိုတွယ်ကပ်နေတာရပ်သွားသည်။

တကယ်တော့ ရှင်းဟယ်မှာ ချွေ့မင်းအကြောင်း ရှာနိုင်သမျှ အချက်အလက်ရှာနေတာဖြစ်၏။

သူ့ကိုယ်ရေးကိုယ်တာ အသေးစိတ်များက ရှင်းဟယ်၏ လက်ပ်တော့ထဲ ဝင်ရောက်လာလေသည်...။

သူမ အလျင်နှုန်းနှင့် အလုပ်အရည်အချင်းမှာ  တကယ့် FBI အေးဂျင့်တစ်ယောက်ထပ်တော့ မနည်းပေ!

ရှင်းဟယ်က ဝူရုန်နှင့် ဝူရွှမ်းကိုလက်စားချေဖို့ နည်းများတွေးနေတုန်းက သူတို့ကလည်း အလားတူတွေးနေကြလေသည်။

အမေနှင့် သမီးအတွဲက အင်မတန်ပျော်နေလေသည်။ ချွေ့မင်းမှာ ဝူရွှမ်း၏ အမိန့်အရ ရှင်းဟယ်အား အပြစ်ပေးရန် ကူညီပေး၍ပင်။

"နှမြောစရာပဲ၊  တကယ်တော့ပစ်မှတ်က အဲမိန်းမပျက်လေး သူံဟာသူပဲ လုပ်သင့်တာ" ဝူရုန်က ကောက်ကျစ်စွာ သရော်လေသည်။ သူမပါးစပ်က ရှင်းဟယ်အကြောင်းပြောချိန် ရွံရှာမှု၊ ဒေါသနှင့် ကော့တက်နေသည်

ချန်းဝူသေဆုံးပြီးနောက် သူမက သူ့အမွေသာလျှင် လက်ခံယူခဲ့သည့်မဟုတ် အသိုင်းအဝိုင်းရှိ အဆင့်အတန်းကိုရောဖြစ်သည်။ လူတိုင်းက သူမကို ရိုသေလေးစားခဲ့ရသည်။

ဝေးလွင့်ပြီးသော အတိတ်Donde viven las historias. Descúbrelo ahora