(၈၀) သရုပ်ဆောင်ခြင်း

5.3K 670 26
                                    

Mm Translator: ElysiumGale

(၈၀) သရုပ်ဆောင်ခြင်း

"ဒါပေါ့ ဒါပေါ့" အံဩစရာ မလို ငြင်းဆန်သူ မရှိပေ။

ချွေ့မင်နှင့် ၀ူရွှမ်းက မငြင်းရဲပေ။

၎င်းက သာမန်ပြဇာတ်၏ ဇာတ်ကွက်အတိုင်း ဖြစ်လျှင် ၀ူရွှမ်းက ယခုအချိန်တွင် မေ့လဲချင်ယောင် ဆောင်သင့်တာ ဖြစ်သည်။ အမှန်အတိုင်း ဆိုရလျှင် သူမက ထိုသို့ စဉ်းစားခဲ့သော်လည်း လုချီ ရှိနေသောကြောင့် အလုပ်မဖြစ်မှန်း သူမ သိနေသည်။

ရှရှင်းဟယ် အဲဒီခွေးမက တံတားအားလုံးကို မီးရှို့ပစ်နေတာပဲ။

၀ူရွှမ်းက ရှင်းဟယ်ကိုစိန်းစိန်းဝါးဝါးကြည့်ပြီး သူမရင်ထဲ ရှင်းဟယ်ကို အပိုင်းပိုင်း ဆုတ်ပစ်ချင်စိတ် ပေါ်လာသည်။

သူမကြောင့်သာ မဟုတ်ရင် ဒီလို ကူကယ်ရာမဲ့အခြေအနေထဲ သူမ ရောက်မှာ မဟုတ်ဘူး။

"ကျွန်တော်တို့ ဒေါက်တာလီကို ဒုက္ခပေးဖို့ မလိုပါဘူး၊ ကျုပ်ဇနီးကို တစ်ခုပဲ မေးချင်တာပါ"

ချွေ့မင်က ၀ူရွှမ်းကို အထာနပ်စွာ ကြည့်ပြီး "၀ူရွှမ်း ကိုယ့်ကို ရိုးရိုးသားသားပြော၊ ရှင်းဟယ်ကို ထောင်ချောက်ဆင်ခဲ့လား"

သူမ၏ ခင်ပွန်းက သူမကို အပြစ်ဖို့ရန် ပြင်မှန်း ၀ူရွှမ်း သိလိုက်သည်။

၎င်းက သူ လုံခြုံစွာ နောက်ဆုတ်နိုင်မည့် တစ်ခုတည်းသော နည်းဖြစ်သည်။

သူမက ကိစ္စတစ်ခုလုံးကို သွေးထိုးပေးသူ ဖြစ်နေသောကြောင့် ရွေးချယ်စရာ မရှိဘဲ စီမံမှုကို လက်ခံရတော့သည်။

ဝမ်းနည်းပူဆွေးသည့်ပုံဖြင့် ၀ူရွှမ်း၏ မျက်လုံးထဲမှ မျက်ရည်များ ချက်ချင်း ကျလာသည်။ "ဟန်နီ ကျွန်မ တောင်းပန်ပါတယ်၊ ဒီလိုကြီး လုပ်လိုက်ဖို့ ကျွန်မ တကယ် မထင်ထားပါဘူး၊ ဖေဖေ့မျက်စိထဲ မမ တစ်ယောက်တည်း ရှိတာကို အားကျလွန်းလို့ သူမကို သင်ခန်းစာလေး ပေးချင်ခဲ့ရုံပဲ၊ မမကို ထိခိုက်စေချင်တာ မဟုတ်ပါဘူး၊ တစ်ယောက်ယောက်က ကျွန်မကို သတိပြုမိစေချင်ရုံ..."

"မင်း ဘာလုပ်ခဲ့တာ" ချွေ့မင်က ၎င်းကို ယခုမှ သိလိုက်ရသည့်ပုံဖမ်းကာ သူမကို မယုံနိုင်ဟန် ကြည့်နေသည်။

ဝေးလွင့်ပြီးသော အတိတ်Where stories live. Discover now