Part 142

3.1K 268 3
                                    

အခန်း ၁၄၂။ အမုန်းရဲ့ စွမ်းအား

နောက်ထပ် လက်သီးပြင်းပြင်း တစ်ချက် ထိုးလိုက်သောအခါ ချွေ့မင် သွားများယိုင်နဲ့သွားသလို ခံစားလိုက်ရသည်။

သို့သော် ရှောင်းမော့ အားမလျော့သွားချေ။ အမှန်အားဖြင့် သူ၏ တိုက်ခိုက်နှုန်းက ပိုသွက် ပိုပြင်းထန်လာ၏။
သူ ချွေ့မင်ကို ရုန်းကန်ခွင့် (သို့) ပြန်တိုက်ခိုက်ခွင့် လုံးဝမပေးဘဲ အသေဖိထားသည်။ သူ ချွေ့မင်ကို သွေးထွက်သံယို ဖြစ်သွားသည်အထိ ထိုးရန်အသင့် အနေအထားပင်။

ချွေ့မင် အစက ရုန်းကန်နေသော်လည်း အဆုံး၌ သူ ခြေကုန်လက်ပန်းကျသွားကာ သဲကြီးမဲကြီး ဖြစ်နေသော ရှောင်းမော့ကို လက်မြှောက် အရှုံးပေးလိုက်ရသည်။

ရှောင်းမော့၏ ပခုံးမှာ ကျည်ထိထားသော်လည်း သူ လုံးဝအလျှော့မပေးချေ။

အမုန်းတရား၏ အစွမ်းဖြင့် မီးစာလောင်နေဆဲဖြစ်၏။

နှစ်ပေါင်းများစွာ စုလာသော အာဃာတများ အားလုံးကို တစ်ခါတည်း လွှတ်ထုတ်လိုက်သည်။ ရှောင်းမော့ ဘယ်လိုလုပ် မရူးဘဲနေမှာလဲ။

သူ့စိတ်ထဲတွင် ချွေ့မင်ကို သေသည်အထိ ရိုက်နှိက်ရန် လှုံ့ဆော်မှုတစ်ခုပဲ ရှိသည်။

ရှောင်းမော့၏စိတ်ထဲတွင် ထိုအရာကသာ သူ့အသိစိတ်အပါအဝင် အားလုံးကို လွှမ်းမိုးသွားသည်။

ဝင်ပူးခံနေရသော လူကဲ့သို့ သူ့မျက်လုံးတွင် သွေးကလွဲ ဘာမှမမြင်ပေ။

ထို့ကြောင့် ချွေ့မင် မရုန်းကန်တာ ကြာပြီဖြစ်ကြောင်း သူသတိမထားမိလိုက်ပေ။ အမှန်အားဖြင့် ချွေ့မင် လုံးဝ မလှုပ်တော့တာဖြစ်၏။

ဘော်ဒီဂတ်နှစ်ဦးက အခြေအနေ မဟန်တော့သည်ကို မြင်၍ ရှောင်းမော့ကို ပြေးဆွဲကြလေသည်။ မဟုတ်ပါက ရှောင်းမော့ တကယ် ချွေ့မင်ခေါင်းကို ရိုက်ခွဲလိုက်နိုင်ပေသည်။

ထိုအခါမှ ချွေ့မင်ကိုယ်အနှံ့ သွေးတွေထွက်နေပြီး သူ့မျက်နှာမှာ တော်တော်ဆိုးဆိုးကိုပင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်...

သို့သော် ၎င်းက ရှောင်းမော့ရင်ထဲမှ အမုန်းမီးကို မငြှိမ်းသတ်ပေးနိုင်ချေ။ သူ့ကို ချွေ့မင်ဆီမှ ဆွဲခွာခံရစဥ် သူ ချွေ့မင်ကို တစ်ချက်နှစ်ချက် အားပြင်းပြင်းဖြင့် လှမ်းကန်လိုက်သေးသည်။

ဝေးလွင့်ပြီးသော အတိတ်Where stories live. Discover now