(၃၉) သက်သေက ဒီမှာ

5K 622 5
                                    

Mm Translator: ElysiumGale

(၃၉) သက်သေက ဒီမှာ
_________________________

"ဒီတစ်ခါတော့ ကျွန်မ ရှင်ပြောတာကို ထောက်ခံတယ်၊ ဒါပြီးရင် ရဲစခန်း သွားကြတာပေါ့" ရှရှင်းဟယ် ခေါက်ူညိတ်လျက် ပြောတော့သည်။ "အခု ရှင့်ကို သက်သေသွားယူပေးမယ်"

ပြောပြောဆိုဆို သူမက လှေကားပေါ်တက်သွားလေ၏။

"အဲ့ဒီမှာ ရပ်လိုက်စမ်း... ညည်း ဒါ ဘယ်သွားမလိုလဲ" ဝူရုန် ဆိုဖာပေါ်မှ ထရပ်လိုက်ကာ အော်ပြောတော့သည်။

ရှရှင်းဟယ်လည်း ဖြည်းဖြည်းချင်း ပြန်လှည့်ကြည့်ကာ ဆိုသည်။ "သက်သေသွားယူမလို့လေ၊ ရှင်ပဲ ကျွန်မကို သက်သေတောင်းနေတာ မဟုတ်လား၊ ဘာလဲ အပြစ်ရှိနေလို့ ကြောက်နေပြီလား"

"မင်း တို့အိမ်က ပစ္စည်းတွေ ခိုးသွားမှာပဲ ကြောက်ကတာ၊ အခုချိန်မှာ မင်းက သူတောင်းစားသာသာပဲလေ"

'သိပ်မကြာခင် ရှင်တို့ကို ကျွန်မထက် ပို သူတောင်းစားကျအောင် မွဲတေနေအောင် လုပ်ပစ်မယ်'ဟု ရှရှင်းဟယ်ကတော့ ပြန်ပြောလိုက်ချင်မိနေသည်။

"ကြောက်တယ်ဆိုရင်လဲ လိုက်လာခဲ့လေ၊ သြော် စိတ်မချရင် လုံခြုံရေး ဝန်ထမ်း နှစ်ယောက်ပါ ခေါ်လာခဲ့လိုက်ဦး" ရှရှင်းဟယ် ပြန်လှည့်သွားကာ အပေါ်ထပ်သို့ ဆက်တက်သွားလေ၏။

"ရှရှင်းဟယ် ရပ်လိုက်စမ်း...!" ဝူရုန် အော်ဟစ်ရင်စ ရှရှင်းဟယ်နောက်သို့ ပြေးလိုက်သည်။ သို့သော် သူမ လိုက်မမီနိုင်အောင်ကို ရှင်းဟယ်က မြန်နေသည်။

လုံခြုံရေး ဝန်ထမ်းနှစ်ဦးလည်း တစ်ဦးမျက်နှာ တစ်ဦးကြည့်၍ ပခုံးတွန်းလိုက်ကာ နောက်လိုက်သွားရန် ဆုံးဖြတ်လိုက်ကြလေသည်။

သူတို့ ရှိနေဖို့ လိုအပ်သည်ဟု ခံစားရသည်။ ရှရှင်းဟယ်၏ တည်ငြိမ်နေမှုကြောင့် သူတို့ ကိုယ်တိုင်ကပင် မသိလိုက်ပါပဲ၊ သူမအား ယုံကြည်နေမိသည်။

ရှရှင်းဟယ်၏ ပန်းတိုင်က ရှချန်းဝန်၏ စာကြည့်ခန်းဟောင်းဖြစ်လေသည်။

"ရှရှင်းဟယ် ညည်း ဘာလုပ်မလို့လဲ" ဝူရုန် မရှေးမနှောင်မှာပဲ ရောက်လာခဲ့သည်။ ရှင်းဟယ်က သူမကို လျစ်လျူရှုထားကာ စာအုပ်စင် တစ်စင်ကို ကိုယ်ဖြင့် မှီကာ တွန်းလိုက်သည်။ စင်နောက်မှာပေါ်လာသော နံရံကို အသာခေါက်လိုက်တော့ ဖုန်များကျလာသည်နှင့် အပြိုင် ၃၀ စင်တီမီတာခန့် အလျားရှိသော ထောင့်မှန် စတုဂံသဏ္ဍာန် အချိုင့်ရာလေး ပေါ်လာတော့လေသည်။

ဝေးလွင့်ပြီးသော အတိတ်Donde viven las historias. Descúbrelo ahora