(၈၇) ကြီးမားသော ဆုံးဖြတ်ချက် တစ်ခု

4.2K 519 8
                                    

Mm Translator : ElysiumGale

(၈၇) ကြီးမားသော ဆုံးဖြတ်ချက် တစ်ခု

ရှင်းဟယ်က တကယ်ပဲ တစ်ယောက်ယောက်ကို သတ်ချင်နေတာလား။

ရှင်းဟယ်သည် တစ်စုံတစ်ယောက်ကို သတ်ရန်စေခိုင်းသည့် လူတစ်ယောက်နှင့် တူသည့်ပုံ မပေါ်သဖြင့် ရှောင်းမော့ မယုံကြည်နိုင် ဖြစ်နေ၏။

ရှင်းဟယ် သူ့ခေါင်းကို လှည့်ပြီး ရှောင်းမော့၏ မျက်လုံးကို အသေအချာကြည့်ကာ မေးလိုက်သည်။

"မင့်အစ်မရဲ့ ဘဝတစ်လျှောက်လုံး တည်တည်ငြိမ်ငြိမ် အဆင့်တန်းရှိရှိ အသက်ရှည်စွာ နေသွားနိုင်ဖို့ သူမအတွက် အကျွမ်းကျင်ဆုံး ဆရာဝန်နဲ့ အကောင်းဆုံး ကုသမှုပေးဖို့ စီစဉ်ပေးမယ်။ မင်း ဒီကမ်းလှမ်းမှုကို လက်ခံမလား။ မခံဘူးလား"

ရှောင်းမော့က ငြိမ်သက်သွား၏။

သူ ဝန်ခံရလျှင် ရှင်းဟယ်၏ ကမ်းလှမ်းမှုက အလွန် မက်မောစရာ ကောင်းသည်။

ရှောင်းမော့က သူ့အစ်မအပေါ် အကြွေးတင်နေသည်။ ထို့ကြောင့် သူ့အကြီးမားဆုံး ဆန္ဒက သူ့အစ်မ၏ ရောဂါကို ကုသပေးပြီး တည်ငြိမ်သော ဘ၀တစ်ခု ပေးချင်တာ ဖြစ်သည်။

သူ့အစ်မအတွက် သူဘာမဆို လုပ်ပေးမှာဖြစ်သည်။

သို့သော်

"ငါဝန်ခံပါတယ် မင်းပေးတဲ့ ကမ်းလှမ်းမှုက တကယ့်ကို စွဲမက်စရာပဲ၊ ဒါပေမဲ့ ငါလက်ခံဖို့လိုမယ်လို့ ငါမထင်ဘူး၊ ဒါက ငါ့တစ်ခုတည်းသော ထွက်ပေါက် မဟုတ်ဘူးလေ"

တကယ်တမ်းပြောပါက လူသတ်ရန် ကြံစည်ခြင်းအမှုသည် ကျင့်ဝတ်အရ သာမက တရားဥပဒေလည်းပဲ ခွင့်မပြုသည့် အရာ ဖြစ်သည်။ ဘဝ၏ ဆုံးဖြတ်ချက်က သူ့အပေါ်တွင် စောင့်ဆိုင်းနေ၏။ အကယ်၍ သူသာ သေသွားခဲ့လျှင် သူ့အစ်မကို မည်သူ စောင့်ရှောက်မည်နည်း။

ထပ်ပေါင်းပြောရလျှင် သူ့အစ်မအတွက် ကောင်းမွန်သော ဘဝတစ်ခုကို ရရှိရန် အပြစ်ကင်းသည့် အသက်တစ်ခုကို ထုတ်ယူနိုင်သည့် နှလုံးသား မရှိပေ။ သူ့အစ်မလည်း လိုချင်မှာ မဟုတ်မှန်း သူ သိသည်။

သူမကြောင့် သူ့လက် သွေးစွန်းတာကို လိုချင်မှာ မဟုတ်ပေ။

ဝေးလွင့်ပြီးသော အတိတ်Nơi câu chuyện tồn tại. Hãy khám phá bây giờ