အခန်း ၁၅၆။ရှရှင်းဟယ် မနက်ဖြန်လာမှာ

2.6K 245 5
                                    

အခန်း ၁၅၆

ရှရှင်းဟယ် မနက်ဖြန် လာမှာ

သူမသည် လင်းလင်းအတွက် အားလုံး အခြေချပြီးပါက သူမက ကမ္ဘာလောကကြီးကို ငြိမ်းငြိမ်းချမ်းချမ်းဖြင့် စွန့်ခွာနိုင်တော့မည်ပင်။

ရှင်းဟယ် အိမ်အသစ်ကို ပြောင်းရွေ့ပြီးနောက် သူမက ချက်ခြင်း ရှီးမိသားစုအား မနက်ဖြန် လာလည်မည်အကြောင်း သူမကို ပြောလိုက်၏။

သခင်မရှီက ထိုသတင်းကို အိမ်တော်ထိန်းထံမှ ကြားသိပြီးနောက် ထိတ်လန့်သွား၏။

“ရှရှင်ဟယ်က မနက်ဖြန်လာမှာလား”

ထျန်းရှင်းက သူမဘေးတွင် ရှိနေသည်။ သူမသည် မုပိုင်နှင့် စေ့စပ်ပြီးကတည်းက နေတိုင်းနီးပါးလာသည့် ဧည့်သည်တစ်ယောက် ဖြစ်၏။

“သူမက ဒီကို ဘာလာလုပ်မယ် ပြောလဲ”

ထျန်းရှင်းက သဘောရိုးဖြင့် မေးလိုက်သည်။

အိမ်တော်ထိန်းက ရိုရိုသေသေဖြင့် အဖြေပေး၏။

“သခင်လေးကို တွေ့ဖို့လို့ ပြောပါတယ်”
“သူ့ကို နှစ်ပေါင်းမျာစွာ လျစ်လျူရှုခဲ့ပြီး ဘာကြောင့် အခုမှ ပြန်လာချင်ရတာလဲ"

သခင်မရှီးက အထင်သေးသည့် အကြည့်ဖြင့် ပြောလိုက်သည်။

“သူမ ကိုယ့်နည်းကိုယ်ဟန်နဲ့ အပြင်မှာ မရုန်းကန်နိုင်တော့လို့ ဖြစ်နိုင်တယ်။ ပြီးတော့ မုပိုင်နဲ့ နီးဖို့အတွက် နည်းလမ်းရှာနေတာပဲ ဖြစ်မယ်။”

ထျန်းရှင်းမှ လွဲ၍ မုပိုင်နား ချည်းကပ်သည့် အမျိုးသမီးများက သူတို့ကိုယ်ပိုင် အကျိုးအမြတ်ကြောင့်ဟု သခင်မရှီး၏ မျက်လုံးထဲတွင် မြင်၏။

“ရှင်ဟယ်က အဲ့လို လူစားမျိုး မဟုတ်ပါဘူး...”

ထျန်းရှင်းက ညှင်သာစွာ ရှင်းပြလိုက်၏။

“သူမက အဲ့လိုပုံစံ မဟုတ်ဘူးထင်တယ်။ သမီးကြားတာတော့ သူက ရှမိသားစုရဲ့ အမွေတွေနဲ့ ရှယ်ရာတွေကို ရထားတယ်လို့ ကြားတယ်။”

ထိုအချက်က ချွေ့မင်နှင့် သူ့ အမှုထမ်းများက ရှင်းဟယ်ကို သတ်ရန်ကျရှုံးခဲ့ပြီး ဟက်ကာ ပြိုင်ပွဲတွင် ရှုံးနိမ့်မှုကလည်း ဟိုးလေးတကျော် ဖြစ်နေ၏။

ဝေးလွင့်ပြီးသော အတိတ်Tempat cerita menjadi hidup. Temukan sekarang