အခန်း ၁၄၉။ရူးသွားခြင်း

2.6K 245 4
                                    

အခန်း ၁၄၉။ ရူးသွားခြင်း (သုံးယောက်ကျရှုံးခြင်းအပိုင်း၏ အဆုံးသတ်)

“ဒါပေမဲ့ အဲဒါတွေက အရေးမကြီးပါဘူး။ အရေးကြီးတာက နင်နဲ့ နင့်အမေတို့ ထောင်ကျသွားရင် အမွေတွေက ဘယ်လိုဖြစ်သွားမယ်လို့ထင်လဲ။ သူ့အကြံက သူ့ပြိုင်ဖက်ကို ဖယ်နိုင်ရုံသာမက သူ ဘဝသစ်စဖို့အတွက် ငွေပမာဏ အများကြီးရသွားလိမ့်မယ်။ ငါပြောပါတယ် သူ့အကြံက စိတ်လှုပ်ရှားဖို့ကောင်းတယ်လို့”

ဝူရွှမ်း မယုံကြည်နိုင်ပေ။

သူမအမျိုးသားက သူမကို ထိုကဲ့သို့ ဆိုးဆိုးရွားရွားကြီး ထောင်ချောက်ဆင်လိမ့်မည်ဟု မတွေးမိချေ။

သူ့ကိုယ်စား အပျက်စီးခံရမည့်အပြင် သူမအပိုင် ရှမိသားစု၏ အမွေများကိုပါ ခွာယူသွားချင်နေသည်။

ဒါမဖြစ်နိုင်ဘူး…ဒါ ငါ့ကို လှည့်စားဖို့ ရှင်းဟယ် ဖန်တီးထားတဲ့ လုပ်ကြံဇာတ်လမ်းပဲဖြစ်ရမယ်။

ဝူရွှမ်း အပြင်းအထန် ရိုက်ပုတ်လိုက်ပြီး “ငါ့ကို မလိမ်နဲ့၊ ဒါတွေ အားလုံး အတုအယောင်တွေ၊ ငါနင့်ကို မယုံဘူး။ သူ ဘာတွေးနေလဲဆိုတာ နင်က ဘယ်လိုလုပ်ပြီး သိမှာလဲ။ အဲတော့ နင်လိမ်နေတာ၊ လူလိမ်မ”

ဝူရွှမ်း ပြောတာ အဓိပ္ပာယ်ရှိတယ်။ တကယ့်ကို ချွေ့မင် အကြံကို ရှင်းဟယ်က ဘယ်လိုလုပ်သိနိုင်မှာလဲ။

ထပ်လောင်းပြောရလျှင် သူမ ယခုအချိန်ထိ အသက်ရှင်နေရခြင်းမှာ သူမ သူတို့ အကြံကို ကြိုမြင်ထားပြီး ကြိုတင် ပြင်ဆင်ထားတာကြောင့်ပင်။

ရှင်းဟယ် မခို့တရို့ရယ်လိုက်သည်။

“နင်ပြောတာမှန်ပေမဲ့၊ သူဘာတွေးနေလဲ၊ ဘာကြံနေလဲဆိုတာ ငါသိတယ်။ ငါ နင်ဆီကရော သူဆီကပါ လွတ်သွားတယ် လေ”

"…"

ရှင်းဟယ် ခပ်ပြတ်ပြတ် ဆက်ပြောလာသည်။

“အဲဒါ ဘာလို့လဲဆိုတော့ နင်တို့ နှစ်ယောက်လုပ်ပုံကို ငါ နားလည်နေလို့ပဲ။ ချွေ့မင်ဆိုတာ အကျိုးအမြတ်ရတာဆို ဘာပဲဖြစ်ဖြစ် လုပ်ချင်စိတ်ရှိပြီး နင်နဲ့ ဝူရုန်ကတော့ ငါ့ကို ရှင်းပစ်ဖို့ဆို ဝန်လေးနေမှာ မဟုတ်ဘူး။ အဲဒါကြောင့် နင်တို့အကြံကို ဟိုးအစောကြီးကတည်းက ကြိုမြင်ပြီးသား”

ဝေးလွင့်ပြီးသော အတိတ်Where stories live. Discover now