အခန်း ၁၇၃

2.5K 250 1
                                    

အခန်း ၁၇၃။ သူမကို ဂရုစိုက်ခြင်း

မုပိုင်၏ ကြေညာချက်က လက်ရှိတွင် အားလုံးကို မှင်သက်သွားစေသည်။

ရှင်းဟောင်တောင် သူ့ကို မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

ရှင်းဟယ်ကို သူ ဘယ်လောက် တန်ဖိုးထားမှန်း မည်သူမျှ မသိပေ။

ထျန်းရှင်းက သူမ၏ ခြေထောက်များ ပျော့ခွေသွားသည့် အလား ခံစားလိုက်ရ၏။

သူမ ပေးသည့် မေတ္တာကို မုပိုင် ပြန်မပေးခဲ့သည်ကို တစ်နည်းနည်းဖြင့် သူမ လက်ခံရပေမည်။ သို့သော် ရှင်းဟယ်အပေါ် မုပိုင်၏ စိုးရိမ်ပူပန်မှုကို မျက်မြင်တွေ့လိုက်သည့်အခါ သူမက အဆုံးထိ တွန်းပို့ခံလိုက်ရသည်။

သူက ရှင်းဟယ်ကို လျစ်လျူရှု့မည့်အစား ရှင်းဟယ်ကို ချစ်နေမိသည်။

သူက တစ်ယောက်ယောက်ကို ချစ်နေသည် သို့မဟုတ် မည်သူ့ကိုမှ စောင့်ရှောက်မှု မပေးသည်လား။

သူ့ရင်ထဲ ရှင်းဟယ်ကို အမြဲ သိမ်းထားခဲ့သည်လား။

ထိုအတွေးများက ထျန်းရှင်းကို မျှော်လင့်ချက်မဲ့သည့် ချောက်နက်ကြီးကို ဆွဲခေါ်သွားလေသည်။ သူမက သူမအနားတွင် ကမ္ဘာကြီး ပျက်နေသည့်အလား ခံစားနေရ၏။

“မဟုတ်ဘူး….”

သူမက ခေါင်းခါပြီးနောက် စူးစိုက်ကြည့်လိုက်သည်။ သူမက သူမကိုယ်သူမ သို့မဟုတ် မုပိုင်ကို ယုံကြည်မှု မဲ့နေသည်လား ။

“မုပိုင် ဒီဟာက အမှန်မဟုတ်ဘူးဆိုတာ ကျွန်မကိုပြော။ ဒါက အမှန်မဖြစ်နိုင်ဘူး။ သူမကို ဂရုစိုက်တယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ရှင်သာ ဂရုစိုက်ခဲ့ရင် ကွာရှင်းပြတ်စဲမှုက ပထမနေရာမှာ ရှိခဲ့မှာ မဟုတ်ဘူးလေ။ ကျွန်မပြောတာ မှန်တယ်မလား။ အဲ့ဒါကြောင့် ရှင်ကျွန်မတို့ကို လိမ်နေတာပဲ ဖြစ်ရမယ်”

ရုတ်ခြည်းဆိုသလို မုပိုင်၏မျက်နှာက လိုတာထက် ပိုရှုပ်ထွေးသည့် ခံစားမှု့မျိုးကို ပြသနေ၏။

သူတို့ လက်ထပ်စဉ်က သူ ရှင်းဟယ်ကို မချစ်ခဲ့သော်ငြား ထိုအချက်က သူမကို မလေးစား၊ သူမကို ဂရုမစိုက်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

ဝေးလွင့်ပြီးသော အတိတ်Hikayelerin yaşadığı yer. Şimdi keşfedin