အခန်း ၁၂၅။ ဒါတွေ အားလုံး မင်းကြောင့်

3.8K 346 5
                                    

အခန်း ၁၂၅။ ဒါတွေ အားလုံး မင်းကြောင့်

ဝူရွှမ်း မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်၏။ အကယ်၍ ချွေ့မင်သာ မိန်းမပျက် တစ်ယောက်နှင့်သာ ပျော်ပါးနေပါက သူမ သူ့ကို ခွင့်လွှတ်မည် မဟုတ်ချေ။

“သခင်ကြီး အိမ်ပြန်ရောက်ပြီ” ဝူရွှမ်း ဖြစ်နိုင်ချေကို တွေးတောနေစဉ်  အိမ်စေမလေး၏ အသံကို ထပ်ကြားလိုက်ရသည်။ သူမ ခေါင်းမော့လိုက်စဉ် ချွေ့မင် အခန်းထဲသို့ ဖြည်းညင်းစွာ ဝင်လာသည်ကိုမြင်လိုက်ရသည်။

“ဟန်နီ၊ ဘယ်တွေရောက်နေ…” ဝူရွှမ်း ပြုံးပျော်စွာ ရှေ့သို့ လျှေက်သွားသော်လည်း ခြေနှစ်လှမ်းလှမ်းပြီးနောက် သူမ တန့်သွား၏။

ချွေ့မင် တစ်ခုခု ဖြစ်နေသည်ကို သူမ ရိပ်မိလိုက်သည်။

သူ့မျက်နှာမှာ တိမ်ဆိုင်များနောက်တွင် ကွယ်နေသကဲ့သို့ သုန်မှုန်နေ၏။

သူ့ဆံပင်နှင့် အင်္ကျီ မှာ ဖိုသီဖတ်သီ ဖြစ်နေ၏။ သူ မုတ်ဆိတ်မရိတ်ရသေးတာကြောင့် မေးစေ့တွင် မုတ်ဆိတ်ရေးရေး ရှိနေသည်။

သူ စိတ်မချမ်းမသာဖြစ်နေပုံပေါ်တယ်…သူ စိတ်ထိခိုက်စရာ တစ်ခုခု ကြုံခဲ့ရပုံ။

သို့သော် သူ့မျက်လုံးများက သက်သေဖြစ်၏။ သူမကို စိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံက ကျောချမ်းစရာကောင်းလေသည်။

ဝူရွှမ်း သူမ ဘာအမှားလုပ်မိထားလဲ၊ ဒါမှမဟုတ် ဘာဖြစ်ခဲ့လဲဆိုတာ သူမ မသိ။

“ဟန်နီ၊ ရှင်အဆင်ပြေရဲ့လား။ အလုပ်ပင်ပန်းခဲ့လို့လား” ဟု သူမ စိတ်မသက်မသာဖြင့် မေးလိုက်သည်။

ချွေ့ကော်ပိုရေးရှင်း ပျက်စီးခြင်းကို တစ်ကမ္ဘာလုံးသိသော်လည်း သူ့မိန်းမမသိသေးပေ။ ချွေ့မင် ရွဲ့သလို ရယ်လိုက်သည်။

၎င်းက ဝူရွှမ်းကို ခြောက်လှန့်လိုက်၏။ “ဟန်နီ၊ ဘာဖြစ်လို့လဲ။ ငါ့ကို အဲလို မခြောက်နဲ့လေ။ ကျွန်မ ကြောက်လာပြီ…”

ထို့နောက် ချွဲသည့်အနေဖြင့် သူမ သူ့လက်မောင်းကို ချိတ်လိုက်သည်။ ချွေ့မင်သည် ဆက်ဆံရေး၌ သူသာလျှင် ဦးဆောင်သူ ဖြစ်ချင်သည်။ သူ့ကို အားကိုးသည့် ပုံဖြင့် ဆွဲဆောင်ချိန်တိုင်း သူမ တောင်းဆိုသမျှကို လိုက်လျောပေးသည်။

ဝေးလွင့်ပြီးသော အတိတ်Donde viven las historias. Descúbrelo ahora