Part 130

2.9K 289 3
                                    

အခန်း ၁၃၀။ နေဝင်ရီတရော
ညအချိန်သို့ မကြာခင် ရောက်တော့မည်။
ညအချိန်နှင့် တွဲဖက်ညီညီ ကောင်းကင်ကြီးက ကြယ်များ ကင်းစင်နေပြီး မိုးတိမ်များ လကို ဖုံးနေ၏။
အမှောင်ထုက လူတွေကို အသက်ရှုကြပ်စေသည်။
လူနေရပ်ကွက်သည် အကြောင်းရင်းမရှိ ရုတ်တရက် လျှပ်စစ်မီးပျက်သွား၏။
လမ်းမီး အရေးပေါ်မီး မှိန်မှိန်လေးကလွဲ၍ ကမ္ဘာကြီးမှာ မှောင်မည်းနေ၏။
လေထုက အေးစိမ်စိမ့်ဖြစ်နေသည်မှာ ညအချိန် သွေးထွက်သံယိုဖြစ်တော့မည့်အလားပင်။
လူနေရပ်ကွက်အနှံ့ လျှောက်သွားနေသည့် ကြောင်အလေအလွင့် တစ်ကောင်တလေတောင် မရှိချေ။
သို့သော် မသင်္ကာစရာအရိပ်အချို့ ရှမိသားစု၏ ဗီလာသို့ ဦးတည်နေကြသည်…
သူတို့ ဗီလာအရှေ့တံခါးကို အသံတိတ် ဖြုတ်ချလိုက်ပြီး ဧည့်ခန်းထဲသို့ ခိုးဝင် လေသည်။ သူတို့ နေအိမ်သူများကို ရှာဖွေရန် လှေကားဖက် ဦးတည်လိုက်သည်။
ရုတ်ခြည်း ကုတ်ခြစ်သံထွက်လာသည်။
တစ်စုံတစ်ယောက်က မီးခြစ်ထွန်းလိုက်သည်…
ကျောချမ်းစရာ လူရိပ်အချို့က မီးမှိန်မှိန်ကလေးဆီ ကြည့်လိုက်သည်။
လက်သွယ်သွယ်ကလေးက မီးခြစ်ကို ထွန်းညှိလိုက်ပြီး ပျော့ပျောင်းသော လူရိပ်က ဆိုဖာ၌ ပျင်းရိပျင်းတွဲ ထိုင်နေသည်။
မီးခြစ်ဆံမှ မီးသည် သူတို့ကို စိုက်ကြည့်နေသည့် မျက်ဝန်းနက်ထဲ၌ ထင်ဟပ်နေသည်။ ထိုမျက်ဝန်းနက်ထဲ၌ သင်္ကာကင်းခြင်း၊ ချွေတာခြင်းတို့သာ ရှိပြီး
ကြောက်ရွံ့မှု (သို့) ထိတ်လန့်သွားမှု အလျှင်းမရှိချေ။
ရုတ်ခြည်း မျက်လုံးချင်းဆုံသွားသည်က လူအချို့ကို လန့်သွားစေသည်။
ထိုစဉ် သူတို့ စိတ်ထင့်သွား၏။ သူတို့အစီအစဉ်က ပျက်သွားမည့်ကိန်းဆိုက်နေလေသည်။
သို့သော် သူတို့ထဲမှ ခေါင်းဆောင်ဖြစ်သူ အမျိုးသားတစ်ဦးက ရုတ်တရက် ရှင်းဟယ်ဆီ ခုန်အုပ်လိုက်သည်။ သူ စကားတစ်ခွန်းမှ မပြောသော်လည်း သူ့မျက်ဝန်းထဲ၌ ရက်စက်မှုတို့ ပေါ်လွင်နေသည်။
ရှင်းဟယ်က မီးကို လေဖြင့် မှုတ်လိုက်သည်။
ရုတ်တရက် အမှောင်ကျသွားသည်က ထိုလူ့ကို ခေတ္တ ကြောင်သွားစေသည်။
အစက ရှင်းဟယ်၏တည်နေရာကို သူ သိသော်လည်း မီးအလင်းရောင်မရှိ၍ သူ ရှာမတွေ့ချေ။
သူ့လက်အောက်ငယ်သားများအတွက်လည်း ထိုနည်းလည်းကောင်းပင်။
ထိုပျော့ကွက်ရှိသွားသည့် အချိန်တိုလေးက ပုန်းနေသော လူများအတွက် လိုအပ်သော လမ်းစပွင့်စေသည်။ ညကြည့်မျက်မှန်များ တပ်ဆင်ထားသော လူကောင်ကြီးကြီးအချို့က ဝင်လာကာ မိနစ်အနည်းငယ်အတွင်း အမှောက်သိပ်လိုက်သည်။
ရှင်းဟယ်က မီးခြစ်နောက်တစ်ခုကို ထုတ်ကာ သူမလက်မှ ဖယောင်းတိုင်ကိုထွန်းညှိလိုက်သည်။
ဖယောင်းတိုင်ကို ဝေ့ကာ သတိမေ့နေသော လူစုဆီသို့ လျှောက်သွား၏။
စုစုပေါင်း သုံးယောက် ရှိလေသည်။
ရှကျီ မတ်တတ်ထရပ်ကာ “အစ်မ၊ သူတို့ အာလုံးကို ကြိုးချည်ထားပြီးပြီ” ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ထိုလူများကို ရှကျီ၊ ရှောင်းမော့နှင့် မုပိုင်ပို့လိုက်သည့် သက်တော်စောင့် လေးယောက်က သေချာ ချည်ထားလိုက်သည်။
သူတို့ အခု နိုးလာရင်တောင် လှုပ်နိုင်မည် မဟုတ်ချေ။
ရှင်းဟယ်က ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။ “သူတို့ငါတို့ရဲ့ နောက် လာမဲ့ ဧည့်သည် ကြောက်မသွားအောင် သူတို့ကို အရင်ဆုံး အဝေးပို့လိုက်”
“ဟုတ်”
လူသုံးယောက်ကို အလျင်အမြန် ခေါ်ထုတ်သွားလေသည်။ ရှကျီနှင့် အဖွဲ့က ပြန်သွားပုန်းနေလိုက်သည်။
ရှင်းဟယ် ဆိုဖာ၌ ပြန်ထိုင်ချလိုက်သည်။ ထွန်းညှိထားသည့် ဖယောင်းတိုင်ကို သူမဘေးနားရှိ စားပွဲခုံ၌ ထားလိုက်သည်။ ထို့နောက် သူမ စာအုပ်ကို ကောက်ကိုင်လိုက်ပြီး သက်သောင့်သက်သာဖြင့် စာအုပ်စလှန်နေတော့သည်။
ခဏကြာသော် ကြောက်စရာကောင်းသော မျက်ဝန်းတစ်စုံက ပြတင်းပေါက် အပြင်ဖက်ကနေ သူမကို စောင့်ကြည့်ကာ ထောက်လှမ်းနေ၏။
သူမက ဖယောင်းတိုင်မီးရောင်ဖြင့် စိတ်အေးလက်အေး စာဖတ်နေသည်ကို သတိထားမိ၍ ထိုလူက ကျေနပ်အားရစွာ နှုတ်ခမ်းသပ်လိုက်သည်။
မကြာခင်၌ သူမ၏ အားလပ်ချိန်ကို သူမ ကြုံဖူးသမျှထဲမှ အဆိုးရွားဆုံး အိပ်မက်ဆိုးအဖြစ်သို့ သူ ပြောင်းလဲပစ်တော့မည်ဖြစ်သည်။    တံခါးက အသံတိတ်ပွင့်လာပြန်သည်။ ဘေ့စ်ဘောဦးထုပ် ဆောင်းထားသော အရပ်ရှည်ရှည် အသားမည်းမည်း ယောက်ျားတစ်ယောက်က ဗီလာ ဝင်ပေါက်မှ တွားလာလေသည်။
သူ့ခြေသံသည် ကြမ်းပေါ်၌ အသံမထွက်သော်လည်း သူ တံခါးကိုဖွင့်လိုက်စဉ် လေအေးတိုက်သွား၏။
ဖယောင်းတိုင်မီး အနည်းငယ် လှုပ်သွားသည်။
ရှင်းဟယ်မျက်လုံးများ နည်းနည်း ကျယ်သွားကာ သူမ လှည့်မကြည့်ဘဲ မေးလိုက်သည်။ “ကျီ နင်လား။ နင် ဘာလို့ အိမ်ပြန်နောက်ကျနေတာလဲ”
...

ဝေးလွင့်ပြီးသော အတိတ်Where stories live. Discover now