(၇၁) လင်းလင်းထံမှ ယုံကြည်မှု တစ်ခု

6.1K 775 19
                                    

Mm Translator: ElysiumGale

(၇၁) လင်းလင်းထံမှ ယုံကြည်မှု တစ်ခု

ထိုအကြောင်းအရာသည် မုပိုင်အား သူမ ဂရုမစိုက်သည့် အကြောင်း သွက်ဝိုက်ကာ ပြောနေခြင်း ဖြစ်သည်။

သူမသည် ရှီးမုပိုင်အား အရှက်ကွဲစေလိုသည့် ရည်ရွယ်ချက် မရှိပေ။

ရှီးသခင်မကြီးက ညှိုးငယ်သော စိတ်သဘောထား ပြသမှုကြောင့် သူမကို ဒေါသထွက်ခဲ့သည်။ သူမ၏ သား မုပိုင်အတွက် မတန်ဘူးဟု စိတ်ထဲ ထင်ခဲ့သည်။

"ငါအနေနဲ့ ပြောရရင် မင်း ဒီနေ့ပွဲကို လာရတဲ့ ရည်ရွယ်ချက်ကို ငါ စိတ်မဝင်စားဘူး။ ဒါပေမဲ့ ငါမင်းကို မှတ်မိအောင်တော့ ပြောရဦးမယ်။ မင်း မုပိုင် အနားကို ဘယ်တော့မှ ပြန်မလာရ စေဘူး။ ပြီးတော့ မင်းရဲ့ သနားစဖွယ်အကွက်ကို သုံးပြီး လင်းလင်းကို သံယောဇဉ် ကြိုးချည်ဖို့ မကြိုးစားနဲ့။ ပြီးတော့ ငါ့ရဲ့ အမျက်ကို လာမဆွနဲ့ "

လင်းလင်း၏ ကိတ်မုန့် ပန်းကန်က အောက်သို့ ကျသွားသည်။ ကိတ်သည် သူ့ ဝတ်စုံအပေါ်ကျကာ နေရာအနှံ ပေကျံ သွားသည်။

ထိုသို့ ပြုလုပ်လိုက်ခြင်းသည် တင်းမာနေသော အခြေအနေကို ပြေလျော့သွားရန် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။

ရှီးသခင်မကြီးက သူမဖက်သို့ အလျင်အမြန် ဆွဲလိုက်သည်။ သူ့အဝတ်အစားပေါ်မှ မုန့်အပိုင်းအစများကို ခါလျက် ပြောလိုက်သည်။

"လင်းလင်း ဘာဖြစ်တာလဲ။ ဘာကြောင့် ဂရုမစိုက်တာလဲ"

"အဘွား.... ကြောက်ဖို့ကောင်းတယ်"

လင်းလင်းက သူ့မျက်နှာအား သူ့ကြောက်ရွံ့မှုကို ဖုံးကွယ်ထားသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ရှီးသခင်မကြီးက စစချင်း၌ နားလည်လိုက်သည်။ သူမ၏ ကြမ်းတမ်း ခက်ထန်သော စကားက ကလေးငယ်ကို ထိခိုက်သွားစေ၏။

သူ့ယောက်ျားက အသံနှိမ့်နှိမ့်ဖြင့် ပြောလိုက်သည်။

"ငါ့မြေးကို အင်္ကျီလဲဖို့ တစ်နေရာရာကို ခေါ်သွားလိုက် ပြီးတော့ မင်း ဒီမှာ ဧည့်သည်တွေ ကြည့်နေတာကို မြင်ရတာ မလုံလောက် သေးဘူးလား"

ဝေးလွင့်ပြီးသော အတိတ်Donde viven las historias. Descúbrelo ahora