အခန်း ၁၆၅

2.9K 338 11
                                    

အခန်း ၁၆၅။ ကိုယ် မင်းကို သစ္စာမဖောက်ခဲ့ဘူး

“လူကြီးဟုတ်လား။ ကျွန်မကတော့ အန်တီ့လို ပြုမူတဲ့ လူကြီးမျိုးမတွေ့ဖူးပါဘူး၊ ဒါမှမဟုတ် အန်တီဘာလုပ်ခဲ့လဲဆိုတာ မေ့သွားပြီလား” ရှင်းဟယ် အကုန်ဖွင့်ချလိုက်သည်။

"လွန်ခဲ့တဲ့နှစ်တွေတုန်းက အန်တီမွေးနေ့ပါတီပွဲမှာ မုပိုင်နဲ့ ထျန်းရှင်းတို့အတွက် အခွင့်အရေးရအောင် လုပ်ပေးခဲ့တယ်လေ။ ကျွန်မနောက်ကွယ်မှာ သူတို့ ဆက်ဆံရေး ပိုခိုင်မာလာအောင်လို့လေ။ပြီးတော့ နောက် တစ်နေ့ကျ အန်တီပဲ ကျွန်မဆီ ရောက်လာပြီး ရာဇသံပေးပြီး ကွာရှင်းခိုင်းတာလေ။ ဒါမှမဟုတ် အန်တီ ဒီအကြောင်းအရာတွေအားလုံးကို မေ့သွားပြီလား”

သခင်မကြီးရှီးမျက်နှာမှာ ဖြူဆုတ်သွား၏။ သူမ ဒေါသကြောင့် တုန်ယင်လျက် ရှင်းဟယ်ကို လက်ညှိုးငေါက်ငေါက်ထိုးလေသည်။

“လုပ်ကြံတာ၊ နင်ငါ့ကို လုပ်ကြံပြီး အသရေဖျက်နေတာ။ မုပိုင်နဲ့ ထျန်းရှင်းတို့က အစောကြီးကတည်းက လက်တွဲဖော်ဖြစ်သင့်ခဲ့တာ။ နင့်ကြောင့် အားလုံး ပျက်စီးကုန်တာ။ နင် ရှီးမိသားစုကနေ ထွက်သွားတာကမှ မှန်တာ”

“ဒီလောက်နှစ်ကြာနေပြီကို အန်တီပြောခဲ့တာတွေကို မှတ်မိနေသေးတာ တကယ်လေးစားပါတယ်။ မုပိုင်နဲ့ ထျန်းရှင်းတို့က ချစ်နေကြတာကြောင့် သူတို့ တူတူသောက်ကြတဲ့ညမှာ အိပ်လိုက်ကြတာမဆန်းဘူးလို့ အန်တီ ပြောခဲ့တာ၊ ဟုတ်ပါတယ်။ သူတို့လည်း မတတ်သာဘူးလေ။ ထျန်းရှင်းကိုယ်တိုင်တောင် အတည်ပြုပေးလိုက်သေးတယ်လေ။ ဒါတွေအားလုံး အမှန်တွေချည်းပဲဟုတ်တယ်မလား”

“နင်၊ နင်…” သခင်မကြီးရှီး ဒေါသကြောင့် အထစ်အထစ်ဖြစ်နေ၏။

ရှင်းဟယ် ထိုကဲ့သို့ နောက်ဆက်တွဲကို ဂရုမစိုက်၊ အကြောက်အလန့်မရှိမည်ဟု သူမ မမျှော်လင့်မိပေ။

ရှင်းဟယ် ထိုမျှ အားမာန်အပြည့်နှင့် ပြတ်သားလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

လွန်ခဲ့သော ခြောက်လကတောင် ရှင်းဟယ်သည် ထိုပုံစံမဟုတ်ခဲ့ချေ။ သူမက တစ်ယောက်တည်နေတတ်ပြီး မျိုသိပ်တတ်သည်၊ ယခုမျက်စိရှေ့မှ သည်းခံနိုင်စွမ်းမရှိ၊ ယုံကြည်ချက်ရှိသော အမျိုးသမီးနှင့် လုံးဝ ဆန့်ကျင်ဖက်ပင်။

ဝေးလွင့်ပြီးသော အတိတ်Où les histoires vivent. Découvrez maintenant