(၉၈)ရှရှင်းဟယ်ကို အဲဒီကနေ ထုတ်ခဲ့လိုက်

3.7K 424 4
                                    

MM Translator: EGG 3

(၉၈)ရှရှင်းဟယ်ကို အဲဒီကနေ ထုတ်ခဲ့လိုက်

ရှောင်းမော့သည် သူ့လက်ထဲတွင် စီဒီခွေ ရှိနေသည်ကို ခံစားလိုက်ရသည့် အချိန်တွင် ရှောင်းမော့ ချက်ချင်း စိတ်သက်သာရရသွားသည်။

သူသည် မတ်တတ်ရပ်ရန်အတွက် ရုန်းကန်နေရဆဲ ဖြစ်ကာ သူ မတ်တတ်ရပ်လိုက်သည့် အခါ သူ့ပါးစပ်ထဲမှ သံဓာတ်ဆန်ဆန် အရသာကို ရနေ၏။

သူသည် မကျေမနပ်ဖြင့် အံကို တင်းတင်း ကြိတ်သောကြောင့် သူ၏ သွားဖုံးမှ သွေးများ ကျလာခြင်း ဖြစ်သည်။

ရှောင်းမော့က အသက်ပြင်းပြင်း တစ်ချက် ရှုပြီးနောက် သူသည် ချွေ့မင်သွားစေချင်သည့် လမ်းအတိုင်း စိုက်စိုက်ကြည့်ပြီး လေးလေးကွေးကွေးဖြင့် သွားလိုက်တော့သည်။ ထို့နောက် သူသည် အရှိန်တင်လိုက်ပြီးနောက် ထွက်သွားတော့သည်။

မည်သိုပင် ဖြစ်စေ ရှောင်းမော့သည် ပြိုင်ပွဲမစတင်ခင် သူတို့၏ ဆော့ဖ်ဝဲကို စာရင်းသွားနိုင်ခဲ့သည်။

ရှကျီသည် ရှီးမုပိုင် ရှိနေသည့်နေရာကို ရှာနိုင်မလား၊ မည်သို့ ဖြစ်နေပြီမှန်း သိချင်မိသည်။

နှိုင်းယှဉ်ကြည့်လျှင် တွေ့ခဲသည့် အရာများက ရှကျီအတွက် ကောင်းသည့် အရာများ ဖြစ်၏။

ကြံမိကြံရာ စွတ်လုပ်သည့် အချိန်များအတွက် ဆိုးရွားဖွယ် ကိစ္စများ ကြုံတွေ့ရမည်ပင်။ ရှကျီသည် သူ၏ စီနီယာ ကျန်းတင်းအား မုပိုင်၏ ဖုန်းနံပါတ်ကို တိုက်ရိုက် တောင်းလိုက်သည်။

ရှကျီသည် ချန်းအန်း နောက်သို့ လိုက်လာကာ ခမ်းနားထည်ဝါသော နားနေခန်းထဲကို ဝင်သွားလိုက်သည်။ မုပိုင်သည် ထိုနေရာတွင် ရှကျီကို စောင့်နေသည်။

ရှကျီသည် ရှီးမုပိုင်နှင့် မျက်နှာချင်းဆိုင် တွေ့သည်မှာ ပထမဆုံး အကြိမ် ဖြစ်သည်။

ရှီးမုပိုင်က ဆိုဖာပေါ်တွင် စိမ်ပြေနပြေနှင့် မှီနေကာ သူ၏ သွင်ပြင်ကို မခန့်မှန်းနိုင်ပေ။ သူသည် ရှကျိသည် ရှင်းဟယ်၏ ဝမ်းကွဲမောင်မှန်း သိသည့်တိုင် သူသည် ထူးထူးခြားခြား မပြုမူပေ။

ဝေးလွင့်ပြီးသော အတိတ်Nơi câu chuyện tồn tại. Hãy khám phá bây giờ