CHAPTER 20 (zawgyi)

570 34 6
                                    

အခန်းထဲ ခေါက်တုန့်ခေါက်ပြန်လျောက်ရင်း မြေတို့ အကြံထုတ်နေကြသည်

ပြောသာပြောရတာ မလွယ်တော့မလွယ် သုသု့ အိမ်နဲ့ ဆေးရုံ အလွန်ဆုံးကြာ နာရီဝက်

ထိုနာရီဝက်အတွင်းဆေးရုံဆင်းဖို့က မဖြစ်နိုင်ပါ

"မြေ နေဦး အခုအချိန်မှာ ငါ့အမေက အဓိကပြဿနာဖြစ်နေတယ်

ငါ့အမေကို လှည့်နိုင်ရင် ငါတို့ အချိန်ပိုရမယ်

တနာရီလောက်အချိန်ရရင်တော့ ဖြစ်အောင်လုပ်နိုင်မယ်လို့ ငါထင်တယ်

သေချာတခုက နင့်အဖေက မနက်ဖန် နေ့လည်လောက်မှ အစောဆုံးရောက်မှာဆိုတော့ ကိစ္စမရှိဘူး"

မြေ့ကို ပြောနေရင်း သူ့နားထင်ကို သူလက်နဲ့ကုတ်ရင်း အကြံရသွားသည်ထင်ပါသည် လက်ဖြောက်တချက်တီးကာ သုသု‌တယောက်ဖုန်းခေါ်နေပါတော့သည်

ဘယ်သူ့ဆီဆက်နေမှန်းတော့ မြေလည်းမခန့်မှန်းတတ်

"မေကြီး သမီး tutorial ဖြေရမယ့် စာရွက် စာတမ်းတွေ အိမ်မှာကျန်ခဲ့လို့ ယူလာပေးပါလား

သမီးအခန်းထဲက စာအုပ်စင်ပေါ်က file အနီလေး"

အင်း ဒီအချိန် ဒီလို ဉာဏ်ကောင်းတဲ့ ညီမတယောက်ရှိတာလည်း မဆိုးဘူးပဲ

"အာ မြေလား မနေ့ကတောင် မြေ့အဆောင်သွားသေးတယ် နေကောင်းပါတယ် အလတ်ကြီးဟာ"

သုသုတယောက် ဘာတွေ ဖောရှောရိုက်နေမှန်းမသိ ရုပ်ကတော့ လုံးဝ အကယ်ဒမီရှော့ခ်

"ဟာ မေကြီးကလည်း ဒေါ်တာရာစကားယုံစရာလား"

ပြောရင်း မြေ့‌ကိုတောင် မျက်စိတဖက်မှိတ်ပြလိုက်သေးသည်

"ဟုတ်ပြီ မေကြီး အဲလောက်မှ လာချင်လည်း လာပါ ဒါပေမယ့် သမီး file လေးပြန်သွားယူ‌ပေးပါဦး အရမ်းအရေးကြီးလို့ပါ

ဒီလိုလုပ်လေ သမီးအရင် ဆေးရုံမှာ မြေ့ကို ကြိုရှာထားလိုက်မယ်နော်

ဟုတ် ဟုတ် ဟုတ်"

ခေါင်းတငြိမ့်ငြိမ့်နဲ့ ဖုန်းချပြီး မြေ့ကို လက်မ ထောင်ပြလေသည်

"ကဲ ငါ့အမေကိစ္စတော့ရှင်းသွားပြီ ငါ့ဆီမှာ file အနီတွေမှအများကြီး တော်တော်နဲ့ရှာရမှာမဟုတ်ဘူး

Invisible Affection  [စ/ဆုံး]Nơi câu chuyện tồn tại. Hãy khám phá bây giờ