CHAPTER 22 (zawgyi)

442 36 10
                                    

နယ်လှည့် ဆေးကုသရေးမထွက်မီ တရက်အလို...

မြေ့အိမ်က ကမ္ဘာအေးဘုရားလမ်းပေါ်က condo တခုရဲ့ အပေါ်ဆုံးအလွှာက penthouse လေးဖြစ်တဲ့အတွက် တယောက်ထဲနေသည့် မြေ့အတွက် ကျယ်ဝန်းလွန်းလှသည်

ထို့ကြောင့် တခြားနေရာမရွေးတော့ဘဲ မြေ့အိမ်ရှေ့ မြက်ခင်းပြင်မှာပဲ ခရီးတူတူသွားကြမည့်သူများ တရင်းတနှီးဖြစ်စေရန် ရည်ရွယ်ပြီး party ပေး‌နေခြင်းသာ

နဂိုကတည်းက တသီးတသန့်သာ နေတတ်သည့်မြေ မှောင်ပြပြ အလင်းရောင်လေးသာရှိသည့် သီးသန့် ဝရံတာလေးမှာ တယောက်ထဲထိုင် beer သောက် နေလိုက်သည်

ဘာရယ်မဟုတ် ကောင်းကင်သို့ မော့ကြည့်နေ
စဉ်beer ပုလင်းကို ကိုင်ပြီး မြေ့ထိုင်‌နေသည့် ဝရံတာလေးဆီသို့လျှောက်လာသည့် ယံကို မျက်စိထောင့်စွန်းကနေ လှမ်းမြင်လိုက်သည်

ထိုစဉ် ရုတ်တရက်ဆိုသလို ယံ့နောက်မှ လိုက်လာကာ ယံ့ဘယ်ဘက်လက်ကို  တွဲလိုက်သည့် ခေတ်ကြောင့် မြေမျက်ခုံးတွေ အလိုလိုကျုံ့မိသွားသည်

ခေတ်လုပ်ရပ်ကို ယံလည်း အံ့အားသွင်းသွားသည့်ပုံ

မြေ့ဆီ အတူတူလျောက်လာသည့် ယံတို့ မြင်ကွင်းက မြေ့ရင်ထဲကို မငြိမ်းအေးစေတာတော့အမှန်

"မြေ ဒါမင်းအိမ်နော် ငါ့မှာတော့ ဧည့်ခံနေရတာ အမြှုပ်တောင် ထွက်တော့မယ်

မင်းက ဒီပေါ်တက်ပြီး beer သောက်နေ သိလား"

မကျေမချမ်းဆိုလာသည့် ယံ

"ခုန အကုန် လိုက် နှုတ်ဆက်ပြီးသားပါဟာ

လက်စသတ်တော့ ငါ့အဘိုးမသေသေးတာကိုး

တကယ်ပဲ ပွစိ ပွစိနဲ့

ငါဆူညံတာ စိတ်ရှုပ်တာ မကြိုက်မှန်း နင်လည်းသိသားပဲ ယံရာ"

"အေးပါ ထုံးစံအတိုင်းပဲပေါ့"

"နင်ကလည်း အဲဒါကို အာညောင်းခံပြီး လာရန်တွေ့နေသေးတယ်"

မြေ့ကို မျက်စောင်းတချက်လှမ်းထိုးလိုက်ပြီး

"ဪ ဒါနဲ့ မြေ မင်းကို ငါ တရားဝင် အသိပေးစရာတခုရှိတယ်"

Invisible Affection  [စ/ဆုံး]Where stories live. Discover now