CHAPTER 18 (zawgyi)

546 44 8
                                    

"ဘာ!!!

နင်ဘာပြောတယ်

နင် ရူးနေပြီလား မြေ

အသားနာမှာ သေလောက်ကြောက်တတ်တဲ့ နင်က

သွေးမြင်ရင်တောင် မူးလဲတတ်တဲ့နင်က ကျောက် ကပ် လှူမယ်"

မိမိလုပ်ရပ်ကြောင့် သုသု့ဒေါသထွက်နေသည်ကို အပြစ်မတက်ရက်

"ဟုတ်တယ် ငါရူးနေတယ် ဘဝမှ တစ်ကြိမ်သာဖြစ်ပေါ်ဖူးတဲ့ အချစ်အတွက် ငါရူးနေတာ

သူဆက် အသက်ရှင်နေမှ ငါ့ဘဝ အဓိပ္ပာယ်ရှိမှာ"

"နင်ကတော့ တကယ်သွားပြီ

မနေ့ တနေ့ကမှ တွေ့ဖူးတဲ့သူကို

နင်သူ့အကြောင်းဘာသိလဲ...ဟမ်

ဘာမှ မသိဘူးမလား

အေး ဒါနဲ့ပဲ ရင်းတောင်မရင်းနှီးဖူးပဲနဲ့ကျောက်ကပ်တောင် လှူဦးမယ် ဟုတ်လား ဟက်"

စိတ်ပျက်ပျက်နဲ့ မြေ့မျက်နှာကို လှမ်းကြည့်လိုက်တော့ မြေ့ဆုံးဖြတ်ချက်က ခိုင်မာနေပြီ ဆိုတာ သုသု ရိပ်မိလိုက်သည်

မြေ့အကြောင်းကောင်းကောင်းသိနေ၍ တားဖို့ရာမလွယ်မှန်းတော့ သုသုနားလည်လိုက်သည်

မြေ့မေမေနဲ့ ခြိမ်း‌ခြောက်လို့မှ မရရင်တော့   နောက်ဆုံး လက်နက် ထုတ် သုံးသင့်မသုံးသင့် စဉ်းစားရတော့မည်

"သေချာပြန်စဉ်းစားပါဦးမြေရယ်

အန်တီမေ သိရင် ငါ့ကိုသတ်လိမ့်မယ်

ငါ့ကိုသတ်လိမ့်မယ်ဟ မတားရကောင်းလားဆိုပြီးတော့

နင့်အဒေါ်  ငါ့အမေသိရင်လည်း ငါ့ကို အိမ်ပေါ်ကနှင်ချလိမ့်မယ်

မြေ နင်အခုပြောနေတာ‌တွေက ပြဿနာအကြီးကြီးနော် နင်သတိထားမိရဲ့လား"

"မေမေတို့ မသိအောင် နင်တာဝန်ယူပေးလေ

အခုဟာ ဒီလိုဟာ ငါဆေးစစ်မယ် ကိုက်ညီရင် လှူဖို့လုပ်မယ်

နင့်အသိဆရာဝန်ကြီးတွေရဲ့ အကူအညီလည်း လိုလိမ့်မယ်

အဓိကကတော့ ခေတ်

ခေတ်ကို ငါ ကျောက်ကပ်လှူထားတယ်ဆိုတာ တသက်လုံးပေးသိလို့မဖြစ်ဘူး

Invisible Affection  [စ/ဆုံး]Donde viven las historias. Descúbrelo ahora