CHAPTER 10 (unicode)

1.3K 117 4
                                    

"မ သင်တန်းနောက်ကျတော့မယ်"

အိပ်ကောင်းကောင်းနှင့် အိပ်နေသော မြေတစ်
ယောက် အိပ်ချင်းမူးတူဖြင့် စားပွဲတင်နာရီလေးကို တစ်ချက်ကြည့်လိုက်သည်

"ဟာ စောစောနှိုးတာမဟုတ်ဘူး စည်ရာ"

အိပ်ယာပေါ်က,ထ ဝုန်းဒိုင်းကျဲပြီး ရေချိုးခန်းထဲဝင်သွားသော မြေ့ကို

"မ ... စည် breakfast ပြင်ထားတယ် တဘတ်ကျန်ခဲ့လို့ door lock မှာ ချိတ်ထားခဲ့တယ်
နော်"

"အာ ကျေးဇူး"

ရေချိုးခန်းထဲ တဘတ်မပါဘဲ ဝင်သွားမိတာ

“စည်” အော် ပြောမှပင် သတိရတော့သည်

"မြန်မြန်ချိုးနော် မ…အအေးပတ်မယ်"

"အင်း"  

မြေ ပြုံးလိုက်မိသည်

“စည်” ဟုတ်တယ် “စည်”

မေမေ့သူငယ်ချင်း သမီးလေး

ဓာတ်ပုံပညာလေ့လာဖို့ဆိုပြီး မြေဆိုင် စဖွင့်ကတည်းက မြေနဲ့အတူတူ ရှိနေပေးခဲ့သည့် မြေ
ချစ်ရတဲ့ ညီမငယ်လေး

ညီမငယ်လေးလို့သာ ပြောနေရသည် တကယ်
တော့ မိမိကိုသာ “စည်”ကလိုက်ထိန်းကြောင်း
ပေးနေရသည်

မိုးလင်းမှ မိုးချုပ် မျက်စိနှစ်လုံးပွင့်ကတည်းက
ယူလိုက်ရသည့် စည့် အကူအညီတွေ

နှိုးစက် ဘယ်လောက်ပေးထား ပေးထား နှိုးစက် ပြန်ပိတ် အိပ်တတ်သည့် မြေ့ကို သင်တန်း
နောက်မကျအောင် နှိုးရသည့်တာဝန်ကိုလည်း စည် ယူပေးထားလေသည်

ဒီမှာ diploma တက်နေသည့်တစ်လျှောက်လုံး breakfast နဲ့ dinner သည်လည်း စည့်,နေ့
ဒဓူဝ အလုပ်များသာ

မြေက အကြီးသာဖြစ်နေတာ စည့်ကို လုပ်ပေးစရာမလိုသလောက် စည်က ပဲ အစ အဆုံး
လိုက်လုပ်ပေးနေရသည်က များသည်

breakfast ကို မတ်တပ်ရပ် အမြန်စားနေရင်း စည့်ကို

"ဒီနေ့ Ava အစား ကိုယ်ဝင်ပေးရမှာ  ပိုနောက်ကျမယ်နော်"

"part time တွေမလုပ်ပါနဲ့တော့လား မရယ်
ကျောင်းကတစ်ဖက် အလုပ်ကတစ်ဖက် ညဆိုလည်း

Invisible Affection  [စ/ဆုံး]Where stories live. Discover now