CHAPTER 9 (unicode)

1.3K 125 24
                                    

ဝေါ ဝေါ ဝေါ ......

ဘေးနားက ဖြတ်သွားသည့် ဆိုင်ကယ် ၃ စီးရဲ့ အိပ်ဇောသံတွေက ပတ်ဝန်းကျင် တစ်ခုလုံးကို
ဆူ ညံသွားစေသည်

"မြေ ဘာမှ မပြောတော့ဘူးလား"

ခေတ်,မြေ့နား,နားကပ် အော်ပြောလိုက်သည်

"ဘယ့်နှယ့် အကျယ်ကြီးအော်နေတာလဲ

တိုးတိုးပြောလည်း ကြားရပါတယ်"

"ဒါဆို...ဒါဆို ခုနက ခေတ်ပြောလိုက်တာ
ကြားလိုက်တယ် မဟုတ်လား"

မသိစိတ်ရဲ့ စေ့ဆော်မှုကြောင့် လွှတ်ခနဲထွက်သွားသော နောက်ထပ် မှားသွားသည့် ခေတ်စကားအမှား တစ်ခွန်း

မြေ,မကြားလိုက်ရရင်လည်း ကောင်းပါတယ်လို့ တွေးနေတုန်းရှိသေး

"ကြားပါတယ် ဘာပြန်ပြောရမလဲ စဉ်းစားနေတာ"

ခေတ်ရှက်လာသည် မကြားရဘူးထင်လို့သာ
မေးလိုက်မိတာ

ကြားရတယ်ဆိုတော့လည်း မြေဘာပြန်ပြော
မလဲ နားစွင့်ရင်း ရင်တွေခုန်လာသည်

"ကိုယ်မှာ ကိုယ်သိပ်ချစ်ရတဲ့သူ ရှိတယ် era"

(ဘာလဲ ခု မြေက ခေတ်ကို ငြင်းနေတာလား)

ရုတ်တရက် အငြင်းခံလိုက်ရသည့်အတွက်
အရှိုက်ကို အထိုးခံလိုက်ရသူ ပမာ ခေတ်
မျက်နှာတွေ ပူထူလာသည်

"ခေတ်ကို အောက်ချပေးပါလား မြေ"

မြေ့ကျောပေါ်မှ ဆင်းမလိုလုပ်နေသည့် ခေတ်ကို ပေးမဆင်းဘဲ

"ကိုယ့်စကားဆုံးအောင် အရင်နားထောင်ပေးပါ era"

ခေတ်ကို ကျောပိုးထားရင်း မြေ,ဆက် ပြော
လိုက်သည်

"လွန်ခဲ့တဲ့ ၅နှစ်လောက်ကတည်းက ကိုယ်သူ့ကို ချစ်နေခဲ့တာ

ဘယ်လောက်ထိ ချစ်လဲဆိုရင် သူ့အတွက်ဆို
ရင်လေ

ကိုယ့်အသက်

ကိုယ့်ခန္ဓာ

ကိုယ့်အသွေးအသား တစ်ခုလုံးကိုတောင် ပေးဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး

ပေးလည်းပေးခဲ့ဖူးတယ်

ကိုယ်ချစ်နေတာ သူမသိပေမယ့် သူ့ကိုတိတ်
တိတ်လေး ကာကွယ် စောင့်ရှောက်ပေးနေရတာကိုပဲ ကိုယ်ကျေနပ်တယ်

Invisible Affection  [စ/ဆုံး]Onde histórias criam vida. Descubra agora