ဓာတ်ပုံတွေ ပြန်ပြင်နေရင်း ဆိုင်တံခါးမှတဆင့် လူရိပ်တရိပ်ကို မျက်စိထောင့်စွန်းမှ ဖျက်ခနဲ လှမ်းမြင်လိုက်ပေမယ့် ကိုယ့်အာရုံနဲ့ကိုယ်မို့ မော့မ
ကြညြ့်ဖစ်"ဟေ့ customer လာတယ်"
ဝန်ထမ်းတွေကိုသာ လှမ်းအော်ပြောလိုက်သည်
"အမ ဘာပုံရိုက်ချင်လို့ပါလဲ ထိုင်ပါဦးရှင့်"
စည် customer နဲ့ စကားပြောနေပြီ ဖြစ်၍ စိတ်ချလက်ချ မိမိအလုပ်ကိုသာ ပြန်လုပ်နေလိုက်သည်
"နေနေ ညီမ အမ မြေ့ကို လာခေါ်တာ"
ဟင် era အသံပါလား
ခေါင်းကို အမော့ မိမိကို ပြုံးပြုံးလေး လက်
ထောက် ကြည့်နေသည့် ခေတ်အကြည့်ကြောင့်
မြေ အယောင်ယောင်အမှားမှား ထရပ်လိုက်မိသည်"ကိုယ့်ဆိုင်ကို ဘယ်လိုလုပ်သိတာလဲ"
"ယံ့ကို မေးလိုက်တာလေ မြေ့ကြည့်ရတာ
ခေတ်လာတာ မကြိုက်သလိုပဲ""customer ကလွဲလို့ ဘယ်သူလာတာမှကို
မကြိုက်တာ""ပြီးရောလေ အဲဒါဆိုလည်း ပြန်တာပေါ့"
စူအောင့်အောင် ပြောပြီး လှည့်ထွက်သွားသည့် ခေတ်ကို ကြည့်ရင်း ခေါင်းရမ်းလိုက်မိသည်
(အင်း ဘယ်လိုကောင်မလေးမှန်း မသိဘူး ရွဲ့သွားပြန်ပြီ)
မနက်ဖန် အပ်ရမယ့် video ကို အချိန်မီ ပြီးရန် editing လုပ်ဖို့လိုနေ၍ ခေတ်ကို ဂရုမစိုက်နိုင်
တော့"သြော် ဒါနဲ့"
နောက်ပြန်လှည့်ကြည့်ပြီး
"ခေတ်က ဆိုင်အပြင်ကတော့ စောင့်လို့ရတယ်မလား
ယံနဲ့က ဒီမှာ ချိန်းထားတာမလို့"
"ဟူး...ကဲ မယ်မင်းကြီးမ ဆိုင်ထဲမှာပဲ ထိုင်
စောင့်ပါမင်းကို အပြင်မှာ စောင့်ခိုင်းထားရင် ကိုယ့်ကို ယံ ပြဿနာရှာလိမ့်မယ်"
"ကောင်းပြီလေ မြေ ခေါ်လို့နော် ဒါနဲ့ခေတ်ကို
မင်းလို့မပြောပါနဲ့ မကြိုက်ဘူး""ကျစ်"
မြေ့ပုံစံက စိတ်ရှုပ်နေမှန်းသိသာသည်
YOU ARE READING
Invisible Affection [စ/ဆုံး]
Romance(unicode) အချစ်ထက် သစ္စာတရားကို ပိုအလေးအနက်ထားမိလို့ ရင်ကွဲရမယ်ဆိုလည်း ကွဲပါစေတော့ era ကိုယ့်အချစ်တွေကို နှလုံးသားနဲ့ပဲ မြင်နိုင်အောင် ခံစားပေးပြီး ဘယ်သူမှ မသိနိုင်အောင် era နှလုံးသားထဲမှာ တသတ်လုံး သိမ်းဆည်းသွားပေးပါ မင်းကိုယ့်ဆီက ကြားချင်နေတာ သိပေမ...