CHAPTER 11 (zawgyi)

669 44 12
                                    

တံခါးပေါ်မှာကပ်ထားသည့် မိမိပုံတွေကြည့်နေ
ရင်းမှင်သက်နေမိတာတော့အမှန်

( ဒီပုံတွေက ဘယ်တုန်းက ပုံတွေပါလိမ့်

ဒါဆိုAva ပြောတာတကယ်ပေါ့

ငါမသိချင်ယောင်ဆောင်နေလိုက်တာပဲ

ကောင်းမလား)

"ဟို...မ....စည့်ကိုအထင်သေးသွားပြီလား"

မိမိနောက်ဖက်မှ စည့်အသံတိုးတိုးလေးကို

မမျှော်လင့်ဘဲ ကြားလိုက်ရသည့်အခိုက်

ရင်ထဲမှာထိတ်ခနဲ

ရှောင်လွှဲလို့မရသည့် အနေအထားတစ်ခုဆိုတာ
စိတ်ထဲမှ အလိုလိုနားလည်လိုက်သည်

သက်ပြင်းဖွဖွချပြီး စည်နဲ့မျက်နှာချင်းဆိုင် လှည့် ရပ်လိုက်သည်

ဒီလိုကိစ္စမျိုးက အေးအေးဆေးဆေး ညှိနှိုင်းရ

မည့်ကိစ္စမျိုးဖြစ်၍

ယခုလိုအချိန် ယခုလိုအနေအထားမှာ ဆွေးနွေးဖို့အဆင်မပြေလောက်ဟု မြေထင်သည်

ဒါနဲ့ပဲ စည့်မေးခွန်းတွေ လျစ်လျူရှု့လိုက်ပြီးစကားလမ်းကြောင်း လွှဲပစ်လိုက်သည်

"စည်ဖျားနေတယ်ပြန်လှဲနေလိုက်

ကိုယ်ရေပတ်တိုက်ပေးမယ်"

"စည်မေးတာအရင်ဖြေပါ

မ,စည့်ကို..စည့်ကိုအထင်သေး သွားပြီလား"

မတ်တပ်ကို အနိုင်နိုင်ရပ်ပြီးမေးနေသည့် စည်

မျက်နှာတစ်ခုလုံးလည်း ဖြူဖတ်ဖြူရော်နှင့်

"လာ...ကုတင်ပေါ်ပြန်ထိုင်ရအောင်

စည့် ကြည့်ရတာအခုပဲ လဲကျတော့မယ့်ပုံပဲ

လာပါ"

"မ"

စည့်လေသံ တော်တော်လေးဖျော့တော့ နေပေမယ့် မိမိဆီမှ တစ်ခုခုမကြားရမချင်း ခေါင်းမာစွာ ပေ ရပ်နေမည့်ပုံ

မြေလည်းအသက်ကိုပြင်းပြင်းရှူထုတ်လိုက်ပြီး

"ဟူး

အိုကေ  ကိုယ့်ကိုဒီလောက်အကြာကြီးချစ်

ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်

Invisible Affection  [စ/ဆုံး]Where stories live. Discover now