CHAPTER 2 (zawgyi)

982 49 4
                                    

"တွေ့ရတာ ဝမ်းသာပါတယ် မြေ

ငါတို့က ရွယ်တူတွေဆိုတော့ နင်နဲ့ငါပဲ သုံးလို့ရတယ်မလား"

"အဟက် မရဘူးဆိုလည်း သုံးမှာမလား

ဘာလို့ အားနာချင်ယောင်ဆောင် မေးနေတာလဲ"

ဘာရယ်မဟုတ် လတ်တလော ဖြစ်ပေါ်လာသည့် ခံစားချက်ကြောင့် ကောင်မလေးကို တမင်သတ်သတ် ဘုဆတ်ဆတ်ပြောလိုက်မိသည်

"မြေ! မင်းဘယ်လိုပြောလိုက်တာလဲ"

ကြားထဲမှ အားနာပြီး မိမိကို ဟန့်လိုက်သည့် ယံ

"ငါပြောတဲ့ စကားတွေထဲမှာ မမှန်တာပါလို့လား ယံ
နင်ကလည်း ခုမှ သိပ်အားနာတတ်နေရန်ကော"

ယံ့ကိုပါ ရန်စပစ်လိုက်သည်

"နေပါစေ ယံ မြေက ဒီလိုပဲပြောတတ်လို့နေမှာပါ ခေတ်နားလည်ပါတယ်"

အနည်းငယ်တင်းမာနေသည့် သူငယ်ချင်း နှစ်ယောက်ကြား ခေတ် ဝင်ဖြန်ပေးလိုက်သည်

"ဘာကို နားလည်တာလဲ???

မင်းနဲ့ကိုယ့်ကို ခုမှ ယံ,မိတ်ဆက်ပေးထားတာ"

ကိုယ့်လက်ကနာရီကို တစ်ချက် ငုံ့ကြည့်ပြီး

"အင်း ၃မိနစ်လောက်ပဲရှိသေးတယ်

ကိုယ့်ကို နားလည်ချင်ယောင်ဆောင်နေတာ
တော့ မင်းတစိတ်များသွားပြီ ထင်တယ်era"

ပုံစံက မာရေကျောရေဖြင့် ခနဲ့သလိုလိုပြောနေသည့် မြေ့ကို ခေတ်လည်း သည်းခံနိုင်မှု အတိုင်း အတာ ကုန်သွားသည်

"ဟုတ်တယ် ခေတ်တို့က ခုမှတွေ့ရတာ မြေ
ခေတ်ကိုဆက်ဆံနေပုံက မရင့်သီးလွန်းဘူးလား

ပြီးတော့ ယံ နဲ့ပတ်သတ်ပြီး ခေတ်တို့က သူငယ်ချင်းတွေပဲလေ

မြေ စကားကို ကောင်းကောင်းပြောလို့မရဘူးလား"

"ကိုယ် မင်းနဲ့ သူငယ်ချင်းဖြစ်ချင်ပါတယ်လို့ ပြောလိုက်မိလို့လား era"

လူအများကြီးရှိသည့် coffee ဆိုင်ထဲမှာမို့ ယံ
ကြိတ် အော်လိုက်သည်

"မြေ"

ခေတ်နဲ့ အခြေအတင်ပြောနေရာမှ ယံ့ဘက်
လှည့်လိုက်ပြီး

Invisible Affection  [စ/ဆုံး]Where stories live. Discover now