CHAPTER 12 (unicode)

1.3K 122 3
                                    

"အ အတာ"

အတာ့နာမည်ကိုခေါ်နေပေမယ့် ခေတ်မျက်ဝန်းထဲမှာတော့ အရာရာအမှောင်အတိ 

(ရက်စက်လိုက်တာ...မြေရယ်)

"အင်း အင်း ငါမြင်တယ် ခေတ်"

မတ်တပ်ရပ်နေရာမှခွေကျသွားတော့မလိုဖြစ်သွားသည့်ခေတ်ကိုအတာဖမ်းဆွဲလိုက်သည်

"စိတ်ထိန်းပါခေတ်ရယ် နင့်ခံစားချက်ကို ငါ
နားလည်ပါတယ် 

ခုhotel ပြန်ရအောင်နော် 

နင့်စိတ်တွေတည်ငြိမ်သွားမှတခုခုစဉ်းစားကြတာပေါ့"

hotel ကိုပင် ဘယ်လိုပြန်ရောက်လာမှန်းမသိ
ခေတ်စိတ်တွေဂယောက်ဂယက်ဖြစ်နေသည်

အလာတုန်းကခေတ်နှင့်အခုမြေ့ဆီမှ  ပြန်လာသည့်ခေတ်တစ်ယောက်ထဲဆိုတာတောင်ယုံရ
ခက်ခက်

အလာတုန်းက တက်ကြွလန်းဆန်း နေသ
လောက် 

အခုတော့hotel ခန်းထဲက ကုတင်ပေါ်ရောက်သည်ထိ အတာတွဲပေးထားမှ မတ်တပ်ရပ်နိုင်
တော့သည့်အနေအထား

အချစ်ဆိုတာဘာလဲ???

အချစ်က အဲသလောက်ထိ လူတစ်ယောက်ကို
လွှမ်းမိုးနိုင်သလား အတာမသိပါ

အတာသိတာကတော့ အတာ့သူငယ်ချင်း 
ခေတ် အရုပ်ကြိုးပြတ်ဖြစ်သွားလောက်သည်ထိအချစ်ရဲ့ရိုက်ချက်ကပြင်းထန်လွန်းလှသည်

"မြေ့ကိုသေချာအောင်သွားမေးကြည့်ရင်ကော"

"ဟက်.. ဒီလိုပတ်ဝန်းကျင်ကိုတောင်ဂရုမစိုက်
နိုင်ဘဲနမ်းနေကြတဲ့သူတို့၂ယောက်ကိုသွားအတည်ပြုရလောက်တဲ့ထိ ငါမရူးသေးဘူးအတာ"

"တချို့အရာတွေကမျက်နှာချင်းဆိုင်ဒဲ့ရှင်းတာကရလဒ်ကောင်းတွေပိုထွက်တယ်ခေတ်

ထင်မြင်ယူဆချက်, တဖက်သတ်အတွေးတွေနဲ့မှန်းဆကောက်ချက်ချတတ်တဲ့ထဲနင်မပါတာငါအသိဆုံးပဲ

အခုနင်ပူထူနေလို့ပါ ခံစားချက်ကိုခဏဘေး
ဖယ်ထားပြီး အကျိုးအကြောင်းသေချာသုံးသပ်
ကြည့်ပါ

နင်ပညာတတ်တစ်ယောက်ပဲ

စိတ်ခံစားချက် အတိုင်းလုပ်လိုက်ရင်
အကုန်အပြတ်ပြတ်နဲ့နှာခေါင်းသွေးထွက်ကုန်
မယ်ဆိုတာ နင်ကောင်းကောင်း  နားလည်ပါ
တယ်ခေတ်"

Invisible Affection  [စ/ဆုံး]Where stories live. Discover now