CHAPTER 28 (unicode)

1.4K 135 22
                                    

"hey"

ဘယ်အချိန်ကတည်းက အနားရောက်နေမှန်းမသိသည့် ခေတ်ကြောင့် နှစ်ယောက်လုံး စကားကို တိခနဲ ဖြတ်လိုက်ကြသည်

"ယံ နိုးနေပြီ ဝင်တွေ့ရအောင် အန်တီ အိမ်ခဏပြန်သွားတယ်"

"ယံနဲ့ နှစ်ယောက်ထဲစကားပြောချင်တယ်"

မြေ ခေတ်နဲ့ သုသု ကိုခွင့်တောင်းသည့်အနေဖြင့် အသိပေးလိုက်သည်

"သွားလေ ခေတ်အပြင်မှာရှိမယ် ဒါနဲ့အတာရော"

"အတာက on duty ဖြစ်နေလို့ သွားတယ် သုသုလည်း ပြီးမှ ပြန်လာမယ် case အသစ်လေးတွေရောက်နေလို့ မြေတို့အေးဆေးပြောကြပါ သွားပြီ"

ခေတ်နဲ့ သုသုကို ထားခဲ့ပြီး ယံ့အခန်းတံခါးကို ဆွဲဖွင့်လိုက်တဲ့ မြေ့လက်တွေ စိတ်လှုပ်ရှားမှုဖြင့် အနည်းငယ် အေးစက် တုန်ရီနေသည်

အသက်ဝဝ ၃ခါလောက် ရှုသွင်း ရှုထုတ်လုပ်ပြီး ယံ့ကုတင်ဘေးမှာ သွားထိုင်လိုက်သည်

ပြီးမှ တိုးတိုးလေး

"ယံ နိုးနေပြီဆို"

ယံ့မျက်လုံးတွေ ဖြေးဖြေးလေးပွင့်လာသည်

နှိမ့်ချည် မြင့်ချည်ဖြစ်နေသည့် ယံရင်ဘတ်ကိုကြည့်လိုက်တော့ အသက်ရှုရတာ ပင်ပန်းနေသည့်ပုံပင်

"မောနေရင် စကားမပြောနဲ့နော်"

"ရပါတယ် ဖြေးဖြေးပေါ့"

"နင်နေကောင်းသွားမှာပါ အားမလျော့နဲ့နော် ငါတို့တွေ နင့်ဘေးမှာ အမြဲရှိ တယ်ဆိုတာ သိတယ်မလား"

ကြိုးစားအသက်ရှုရင်း ခေါင်းတချက်ငြိမ့်ပြသည်

"era အင်း era ကပြောတယ် စိတ်ကလည်း ၅၀% လောက် အရေးကြီးတယ်တဲ့ အားတင်းထားပါ အဆင်ပြေသွားမှာပါ"

ခေတ် နာမည်ပါလာတာနဲ့ ယံ့မျက်နှာတောင် စေ့စေ့မကြည့်ရဲဘဲ အထစ်ထစ် အငေါ့ငေါ့ဖြစ်သွားသည်

ကျေးဇူးပြု၍ ယံ မရိပ်မိပါစေနဲ့

"အင်း...မင်းတို့ရှိတော့ ငါလည်း အားရှိပါတယ်"

ဖြေးဖြေးချင်း တစ်လုံးချင်စီပြောနေတဲ့ ယံ့ကိုကြည့်ရတာ မြေပါစိတ်ပင်ပန်းလာသည်

Invisible Affection  [စ/ဆုံး]Where stories live. Discover now