CHAPTER 16 (unicode)

1.3K 119 15
                                    

မိမိကိုသာ မျက်တောင်မခတ်သတိလက်လွတ်စိုက်ကြည့်နေသည့်မြေကြောင့် ခေတ်နေရခက်လာကာ

"အဟမ်း"
ခေတ်တစ်ယောက် ချောင်းကို တမင်ဆိုးပြလိုက်မှ

"ဟို... ဒီဘက်က တာဝန်ခံက ဆရာကြီး Dr မြင့်သိန်း မဟုတ်ဘူးလား"

"အာ ခေတ်က ဆရာကြီး အစည်းဝေးရှိလို့ သူ့ကိုယ်စား လာစောင့်နေတာပါ

ဒါနဲ့မြေက ဘယ်လိုလုပ်"

ခေတ်စကားမဆုံးသေးပေမယ့် ခေတ်သိချင်တာကို မြေက အလိုက်သိစွာ

"ဖေဖေ့ companyလေ ကိုယ်ပြန်ရောက်တာ ၁နှစ်ကျော်ပြီ"

"မ ကလည်း စည့်တောင်မစောင့်ဘူး"

အ‌နောက်ဖက်မှ ကြားလိုက်ရသည့်အသံကြောင့် ခေတ် ခေါင်းကို မသိမသာစောင်းကြည့်လိုက်သည်

မဟုတ်ပါစေနဲ့လို့ ကျိတ်ဆုတောင်းမိပေမယ့်
ဆုတောင်းမပြည့်ခဲ့ပါ

ဟုတ်ပါတယ်  မြေ့ကို စသိကတည်းက မြေ့ဘေးနားမှာ တောက်လျောက်ရှိနေသည့် စည်

စိတ်ထဲမှာတော့ တော်တော်လေး ဘဝင်မကျဖြစ်သွားပေမယ့်

"ပြန်တွေ့ရတာ ဝမ်းသာပါတယ် စည်"

"ဟုတ် ဒါနဲ့ မမခေတ်က"

"ဟုတ်တယ် အမက ဒီက တာဝန်ခံပါ"

ခေတ်နဲ့စကားပြောရင်း မြေ့လက်မောင်းကို ချိတ်လိုက်သည့် စည့်ကြောင့် အခြေအနေကို အရပ်ရပ်ကို ခေတ် ထိန်းမရသိမ်းမရ သိချင်လာမိ သည်

Singapore မှာမြင်တွေ့ခဲ့ရတာတွေကိုလည်း အတည်ပြုချင်လာသည်

"စည်ကရော ဘယ်လိုဖြစ်လို့ မြေနဲ့တူတူရှိနေတာလဲ"

ခေတ်မေးခွန်းကို ဖြေမလို့လုပ်နေသည့် စည့်ထက်အရင် မျက်စိမျက်နှာပျက်ပျက်ဖြင့် မြေက

"စည်က ကိုယ့် secretary လေ ဖေဖေ့ဆီမှာပဲ နှစ်ယောက်လုံးဝင်လုပ်နေတာ"

"ဪ"

"မကလည်း စည်တို့တွဲနေတာပါ ပြောလိုက်လေ"

စည့်စကားက ခေတ်နားထဲသို့ မိုးကြိုးပစ်ချလိုက်သကဲ့သို့

မြေ့မျက်နှာဆိုတာကလည်း နီရဲတွတ်နေသည်

"ဟို အဲ ဒါက အဲဒါ‌ကလေ"

Invisible Affection  [စ/ဆုံး]Où les histoires vivent. Découvrez maintenant