CHAPTER 5 (zawgyi)

692 52 4
                                    

တယောက်နဲ့ တယောက် အရမ်းကို နီးကပ်နေ
သောကြောင့်သာ ကြောက်ကြောက်နဲ့ ခေတ်
မျက်လုံးတွေကို အတင်း မှိတ်ထားလိုက်သော်လည်း နှုတ်ခမ်းကို မြေ့လက်နဲ့လာထိသည့် အထိအတွေ့ကို ခံစားမိနေသည်

မြေ့အထိအတွေ့မှာ ရင်ခုန်သံတွေဆို ဘင်ခရာတီးဝိုင်းလို ဝုန်းဒိုင်းကျဲနေသည်

ဘုရားသကြားမလို့ မြေမကြားသွားပါစေနဲ့

ထိုစဉ်

"era နှုတ်ခမ်းမှာ ကိုယ်နဲ့တိုက်မိပြီး ရေစက်
လေးတွေပေးသွားလို့"

ထင်ထားသလို မဟုတ်သည့်အတွက် မျက်လုံးကို ဖျက်ခနဲ အဖွင့် အပြစ်ကင်းစွာ နူးနူးညံ့ညံ့
ပြုံးပြနေသည့် မြေ့ကြောင့် ကိုယ်ဘာသာ
အတွေးလွန်သွားတာ ရှက်မိသွားတာတော့
အမှန်ပေ

(ဘာလဲ ဟ ငါတယောက်ထဲ အဲလိုတွေးလိုက်မိတာလား အာ...ရှက်လိုက်တာ)

မြေကိုလှမ်းကြည့်လိုက်တော့ ရေချိုးခန်းထဲက ထွက်ပြီး လုပ်စရာရှိတာကို အေးအေးဆေးဆေးသာလုပ်နေသည်

ခေတ်ကသာ ရင်တွေခုန်နေတာ မြေက ခေတ်
ဖြစ်နေတာ သတိတောင်ထားမိပုံတောင် မပေါ်
ချေ

ပြင်ဦးလွင် မှ ပြန်ရောက်ပြီးနောက် ယံ,ကသာ
ဆေးကျောင်းထဲ ချောင်းပေါက်မတပ်လာပေ
မယ့် မြေနဲ့ မတွေ့ဖြစ်သည်မှာ ၂ လပင်ပြည့်
တော့မည်

(ဘယ်တွေရောက်နေတာလဲ မြေရယ်)

"ခေတ်ကို ချစ်တယ် စတွေ့ကတည်းက ချစ်မိသွားတာ ငါရည်းစားများခဲ့တာ ဝန်ခံပါတယ်

ဒါပေမယ့်ခေတ်နဲ့တွေ့ကတည်းက ဘာအရှုပ်
အရှင်းမှ မရှိတော့တာပါ"

"ခေတ် ယံ့ကို ခင်ပါတယ်

ဒါပေမယ့် ဒီထက်တော့ ပိုလိုမရဘူး"

"ငါ မိန်းကလေးဖြစ်နေလို့လား"

"အဲဒါတွေကြောင့် မဟုတ်ပါဘူး

ရင်ခုန်လို့မရတာက အဓိကပါ"

"ခေတ်ချစ်လာတဲ့ထိ စောင့်မယ်ဆိုရင်ကော"

"ခေတ်က စောင့်ပါလို့ မပြောဘူးနော်

ယံ့ဆုံးဖြတ်ချက်နဲ့ ယံ"

Invisible Affection  [စ/ဆုံး]Where stories live. Discover now