"အ အတာ"
အတာ့နာမည်ကိုခေါ်နေပေမယ့် ခေတ်မျက်ဝန်းထဲမှာတော့ အရာရာအမှောင်အတိ
(ရက်စက်လိုက်တာ...မြေရယ်)
"အင်း အင်း ငါမြင်တယ် ခေတ်"
မတ်တပ်ရပ်နေရာမှခွေကျသွားတော့မလိုဖြစ်သွားသည့်ခေတ်ကိုအတာဖမ်းဆွဲလိုက်သည်
"စိတ်ထိန်းပါခေတ်ရယ် နင့်ခံစားချက်ကို ငါ
နားလည်ပါတယ်ခုhotel ပြန်ရအောင်နော်
နင့်စိတ်တွေတည်ငြိမ်သွားမှတခုခုစဉ်းစားကြတာပေါ့"
hotel ကိုပင် ဘယ်လိုပြန်ရောက်လာမှန်းမသိ
ခေတ်စိတ်တွေဂယောက်ဂယက်ဖြစ်နေသည်အလာတုန်းကခေတ်နှင့်အခုမြေ့ဆီမှ ပြန်လာသည့်ခေတ်တစ်ယောက်ထဲဆိုတာတောင်ယုံရ
ခက်ခက်အလာတုန်းက တက်ကြွလန်းဆန်း နေသ
လောက်အခုတော့hotel ခန်းထဲက ကုတင်ပေါ်ရောက်သည်ထိ အတာတွဲပေးထားမှ မတ်တပ်ရပ်နိုင်
တော့သည့်အနေအထားအချစ်ဆိုတာဘာလဲ???
အချစ်က အဲသလောက်ထိ လူတစ်ယောက်ကို
လွှမ်းမိုးနိုင်သလား အတာမသိပါအတာသိတာကတော့ အတာ့သူငယ်ချင်း
ခေတ် အရုပ်ကြိုးပြတ်ဖြစ်သွားလောက်သည်ထိအချစ်ရဲ့ရိုက်ချက်ကပြင်းထန်လွန်းလှသည်"မြေ့ကိုသေချာအောင်သွားမေးကြည့်ရင်ကော"
"ဟက်.. ဒီလိုပတ်ဝန်းကျင်ကိုတောင်ဂရုမစိုက်
နိုင်ဘဲနမ်းနေကြတဲ့သူတို့၂ယောက်ကိုသွားအတည်ပြုရလောက်တဲ့ထိ ငါမရူးသေးဘူးအတာ""တချို့အရာတွေကမျက်နှာချင်းဆိုင်ဒဲ့ရှင်းတာကရလဒ်ကောင်းတွေပိုထွက်တယ်ခေတ်
ထင်မြင်ယူဆချက်, တဖက်သတ်အတွေးတွေနဲ့မှန်းဆကောက်ချက်ချတတ်တဲ့ထဲနင်မပါတာငါအသိဆုံးပဲ
အခုနင်ပူထူနေလို့ပါ ခံစားချက်ကိုခဏဘေး
ဖယ်ထားပြီး အကျိုးအကြောင်းသေချာသုံးသပ်
ကြည့်ပါနင်ပညာတတ်တစ်ယောက်ပဲ
စိတ်ခံစားချက် အတိုင်းလုပ်လိုက်ရင်
အကုန်အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်ကုန်
မယ်ဆိုတာ နင်ကောင်းကောင်း နားလည်ပါ
တယ်ခေတ်"
ESTÁS LEYENDO
Invisible Affection [စ/ဆုံး]
Romance(unicode) အချစ်ထက် သစ္စာတရားကို ပိုအလေးအနက်ထားမိလို့ ရင်ကွဲရမယ်ဆိုလည်း ကွဲပါစေတော့ era ကိုယ့်အချစ်တွေကို နှလုံးသားနဲ့ပဲ မြင်နိုင်အောင် ခံစားပေးပြီး ဘယ်သူမှ မသိနိုင်အောင် era နှလုံးသားထဲမှာ တသတ်လုံး သိမ်းဆည်းသွားပေးပါ မင်းကိုယ့်ဆီက ကြားချင်နေတာ သိပေမ...