CHAPTER 6 (zawgyi)

666 44 5
                                    

"ဟာ ဘာလဲကွာ နင်အချိန်လေးဘာလေးကြည့်
ပြီး နှောက်ယှက်သင့်တယ်နော် ယံ"

မြေ ပြောမှ စားပွဲပေါ်မှ နာရီကို သေချာ ကြည့်လိုက်မိသည်

"၁၁ နာရီပဲ ရှိသေးတာပါ မြေရာ ဟဲဟဲ

ခေတ်က မနက်ဖြန် ငါ့ကို အဖြေပေးမလို့တဲ့

အဲဒါ မင်းရှေ့မှာ ပေးချင်လို့ မင်းကို ခေါ်လာပါတဲ့"

"ဟာ အဖြေပေးတာ နှစ်ယောက်ထဲ ပြောကြရတဲ့ ကိစ္စကို မလိုက်ချင်ပါဘူး"

"မြေကလည်း သူကမင်းကိုပါ သိစေချင်လို့နေမှာပာ

လုပ်ပါကွာ သူငယ်ချင်းကလဲ"

"အချိန်နဲ့ နေရာ ပို့ထားလိုက် ဒါပဲမလား အိပ်
ရေးပျက်တယ်"

ဖုန်းချပြီး ပြန်အိပ်မလို လုပ်နေတုန်း

နောက်ထပ် ဖုန်းမြည်လာပြန်ပြီ

contact ကြည့်စရာမလိုအောင် ဘယ်သူမှန်းသိနေသည်

"ဘာလဲ ယံ နင့်ဟာက မပြီးသေးဘူးလား"

"ခဏလေး မြေ

မင်းကို တကယ်ကျေးဇူးတင်တယ်

ငါ မင်းကျေးဇူးမမေ့ပါဘူး မြေရာ"

"ဘာလို့လဲ"

"ခေတ်က မင်းကြောင့် ငါ့ကို အဖြေပေးဖို့ ဆုံး
ဖြတ်လိုက်တာတဲ့"

"ငါ့ကြောင့်???"

ဘာလို့ ငါ့ကြောင့်လဲ

era ဘာအကွက်တွေ ထွင်နေတာပါလိမ့်

"မြေ!

hello မြေ!"

"အမ် အင်း ပြော"

"ဘာလဲ စကားပြောရင်း အိပ်ပျော်သွားတာလား"

"မဟုတ်ပါဘူး အင်း နင်တို့အဆင်ပြေပြီးတာပါပဲ"

"ဒါနဲ့ မင်းကြွေနေတဲ့ ကောင်မလေးနဲ့ရော ထပ်ဆုံဖြစ်သေးလား

အခုတလော ဘာပြောသံမှ မကြားလို့"

မြေ့သက်ပြင်းချသံကို ကြားလိုက်ရသည့်
အတွက် ကောင်းတဲ့ အခြေအနေမဟုတ်မှန်း
ယံရိပ်မိလိုက်ပါသည်

"ဆုံဖြစ်ပါတယ် ဒါပေမယ့် သူ့မှာ ချစ်သူရှိနေ
တယ် ယံ

ပြီးတော့ သူက ဖေဖေ့ မိန်းမကြီးရဲ့ အမျိုးတဲ့
လေ

Invisible Affection  [စ/ဆုံး]Onde histórias criam vida. Descubra agora