လွန်ခဲ့သည့်ညက....
လက်ရှိအခြေအနေကိုလိုက်မှီအောင်မနည်းစိတ်စုစည်းပြီး ပြန့်ကျဲနေသောအဝတ်စားတွေလိုက်ကောက်ရင်း
ကုတင်ခြေရင်း စောင်အောက်မှ ထွက်နေသောခြေထောက် တစ်ဖက်မြင်လိုက်ရချိန်
"အမလေး ကိုယ်ကျိုးတွေတော့ နည်းကုန်ပါပြီ"
ဒါဆိုကုတင်ပေါ်တင်မိမိတစ်ယောက်ထဲအိပ်ခဲ့တာမဟုတ်ဘဲနောက်တစ်ယောက်ရှိနေခဲ့တာပေါ့
ခေါင်းရင်းဘက်သို့တဖြည်းဖြည်းတိုးကပ်သွားပြီးစိတ်လှုပ်ရှားစွာစောင်ကိုလှပ်ကြည့်လိုက်စဉ်ခေတ်အပြုံးတွေဆိုတာမနက်ခင်းတစ်ခုလုံးကိုတောက်ပသွားစေသည်အထိ
ဟုတ်ပါတယ်ကုတင်ပေါ်ကသူမှာတခြားသူမဟုတ်ပါ
ခေတ်သိပ်ချစ်ရသည့်ခေတ်ရဲ့တစ်ဦးထဲသောသူ "မြေ"ပါ
"ဟူး...တော်သေးတာပေါ့မြေဖြစ်နေလို့"
ခေတ်ဘာသာပြောလိုက်သည့်စကားကိုသဘော ကျစွာပြုံးလိုက်မိသည်
"အရမ်းချစ်တယ်မြေ"
မြေ့ဆံပင်လေးတွေတိတ်တဆိတ်သပ်တင်ပေးပြီးမြေ့နဖူးလေးကို ဖွဖွလေးအနမ်း ပေးပြီးချိန်မှာတော့ မြေ့ကိုယ်လေးလူးလွန့်လာသည်
"အာ...မြေနိုးသွားရင် မျက်နှာပူစရာတွေဖြစ်လာမှာ ရှက်စရာကြီးကွာ"
အဝတ်စား အမြန်ဝတ်ကာ အခန်းထဲက ခြေကိုဖွဖွနင်း ပြန်အထွက် ဘေးခန်းမှထွက်လာသည့်အတာနှင့်ဝင်တိုက်မိလေသည်
ဒုန်း
"အား"
တိုက်မိသည့် အရှိန်ကြောင့် နှစ်ယောက်စလုံးတော်တော် အထိနာသွားလေသည်
နာသွားသည့်ပုခုံးကိုတောင်စိတ်မရောက်နိုင်အတာခေါင်းထဲတွင် မဖြေရှင်းနိုင်သည့် မေးခွန်းပေါင်းများစွာဖြင့် ပြည့်နှက်နေသည်
"ငါတို့ဘယ်ရောက်နေတာလဲခေတ်
ငါနဲ့တူတူအိပ်နေတဲ့ကောင်မလေးကရောဘယ်သူလဲ
ပြီးတော့bar ကနေ ဒီကိုဘယ်လိုရောက်လာတာလဲ"
ထို့နောက်အတာ တစ်ယောက် တစ်အိမ်လုံးစူးစမ်းသည့်မျက်လုံးဖြင့်ဝေ့ဝိုက်ကြည့်ပြီး
YOU ARE READING
Invisible Affection [စ/ဆုံး]
Romance(unicode) အချစ်ထက် သစ္စာတရားကို ပိုအလေးအနက်ထားမိလို့ ရင်ကွဲရမယ်ဆိုလည်း ကွဲပါစေတော့ era ကိုယ့်အချစ်တွေကို နှလုံးသားနဲ့ပဲ မြင်နိုင်အောင် ခံစားပေးပြီး ဘယ်သူမှ မသိနိုင်အောင် era နှလုံးသားထဲမှာ တသတ်လုံး သိမ်းဆည်းသွားပေးပါ မင်းကိုယ့်ဆီက ကြားချင်နေတာ သိပေမ...