CHAPTER 4 (unicode)

1.4K 131 7
                                    

"ကဲ ရောက်ပြီ"

ခေတ်ကို အောက်ချပြီး မြေပြင်ပေါ်မှာပင် ခြေ
ပစ်လက်ပစ်ထိုင်ချပစ်လိုက်သည့် မြေ

"ခေတ်ကြောင့် မြေ ပိုပင်ပန်းသွားရပြီ
sorryပါ 

ယံတို့ အတင်းတားနေကတည်းက ခေတ်
မလိုက် ခဲ့သင့်တာ

မြေ့ကိုဒုက္ခပေးဖို့ တမင်လိုက်လာသလိုဖြစ်သွားတယ်"

"ဘာပဲဖြစ်ဖြစ် era ရောက်ဖူးသွားတာပေါ့"

အလဲ့ ဒီတခါတော့ စကားကောင်းကောင်းပြော‌ နေသား

"မြေ့ကြောင့် သိပ်လှတဲ့ သဘာဝတရားကြီးကို ထိတွေ့ခွင့်ရခဲ့တာ

ခေတ် အိမ်ကဆို ပေးသွားမှာမဟုတ်ဘူး"

"အင်း"

မြေ နဲ့ပတ်သတ်လို့ အချက်တစ်ချက်ကို ခေတ်သတိ ထား မိတာကြာပြီ

အဲဒါကတော့ ခေတ်အကြောင်းကို ဘယ်သောအခါမှ စိတ်ဝင်စားမှုမရှိတာပါပဲ

အခုလည်း သူများတွေဆို ခေတ် ရောဂါအခြေအနေ ခေတ်အိမ်အကြောင်း သိချင်၍ မေးပြီးနေလောက်ပြီ

မြေကတော့ အင်း တစ်ခွန်းထဲနဲ့ စကားဖြတ်ပစ်
လိုက်သည်

သူများကိစ္စဆိုရင်ပဲ စိတ်ဝင်မစားတတ်တာလား

ခေတ်တစ်ယောက်ကိုပဲ အရေးမလုပ်တာလား

မြေ့အကြောင်းစဉ်းစားရင်း လှမ်းကြည့်လိုက်
တော့ မြေကြီးပေါ် ဒီတိုင်း ထိုင်ချထား၍ ပေနေသည့် ဖုန်တွေကို တဖက်ဖက် ခါရင်း

"အိမ်တော့ ခဏဝင် ရေချိုးမှပဲ

လူလည်း စုတ်ပြတ်သတ်နေပြီ "

ခေတ်ကို ပြောသလိုလိုနှင့် တစ်ယောက်ထဲပြော
နေသည့် မြေ့ကို စပ်စုလိုက်သည်

"မြေ့ အိမ်လား"

"အမ် အင်း"

"ဒီမှာ မြေ့အိမ်ရှိမှန်းမသိပါလား"

"ယံတောင် မသိတာ"

"အချစ်ဆုံးသူငယ်ချင်းတွေဆို"

"အချစ်ဆုံး သူငယ်ချင်းဆိုတာနဲ့ ကိုယ်အကြောင်း တစ်နေ့ရေဘယ်နှခွက်သောက်တယ်က အစ ပြောပြနေရမှာလား"

Invisible Affection  [စ/ဆုံး]Where stories live. Discover now