CHAPTER 21 (unicode)

1.1K 119 25
                                    

Shopping Mall များများစားစားမရှိသည့် မန္တလေးမြို့တွင် Sunday လိုနေ့မျိုးမှာ ယခု ကဲ့သို့ Shopping ထွက်သူတွေနဲ့စည်ကားနေတတ်တာ သိပ်တော့လည်း မထူးစမ်း

မေမေ့ကို လူကြုံထည့်ပေးမည်ပြောထား၍ မေမေမှာသည့် ပစ္စည်းစာရင်းဝယ်ရန်78 ရဲ့ တခုတည်းသော ကော်ဖီဆိုင်လေးတွင် ထိုင်စောင့်နေသည့် မြေ့အချစ်ဆုံးသူငယ်ချင်း ယံ့ကို ခဏထားခဲ့ပြီး နာရီဝက်လောက် shopping လုပ်ရင်းအချိန်ဖြုန်းနေမိသည်

မြေက တယောက်ယောက်ကို စောင့်နေရရင် အင်မတန် ဒေါသထွက်တတ်သည့် လူမျိုး

ခုလည်း 3လတခါလောက်ပြောင်းနေသည့် ယံ့ကောင်မလေး အသစ်ကို တွေ့ဖို့ စောင့်ရလေဦးမည်

ယံဆိုတာကလည်း မိမိနဲ့မှ သူ့ကောင်မလေးများနဲ့ ပေးမတွေ့ပေးရရင် နတ်မအပ်ရသေးသကဲ့သို့ ကန်တော့ပွဲမပေးရသေးသကဲ့သို့ ဂဏာမငြိမ်

ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် မြေလည်း အားကျမခံ မြေအရမ်းချစ်မြတ်နိုးရတဲ့ ကောင်မလေးအကြောင်း ယံကို ပြောပြဖို့ဆုံးဖြတ်ထားသည်

ခုနက နည်းနည်းလေး ပြောပြလိုက်တာကိုပင် ယံမှာ ကဏှာမငြိမ်

ဒီကောင် ညကျ ကျိန်းသေပေါက် အတင်း လာအစ်တော့မှာ မြင်ယောင်သေးသည်

ကိုယ်ဘာသာတွေးရင်း ပြုံးရင်း ကျေနပ်နေမိတာ

Escalator မှ ဆင်းလာရင်း ယံနဲ့မျက်နှာချင်ဆိုင်ထိုင်နေသည့် ကောင်မလေးကို နောက်ကျောမှ တွေ့လိုက်ရစဉ် မြေ့ စိတ်ထဲ ဇဝေဇဝါဖြစ်သွားသည်

"ဘုရား ဘုရား သူမ မဟုတ်ပါစေနဲ့"

ဘယ်လောက်ဝေးဝေး မြေ အလွယ်တကူ မှတ်မိနေတတ်သည့် မြေ့ပုံရိပ်ကလေး

တဖြည်းဖြည်း နီးကပ်လာလေ မြေ,အသက်ရှူမဝချင်တော့

၎င်းတို့နားအ‌ရောက် မိမိထိုင်ရန် အလိုက်တသိ နေရာ ရွေ့ပေးလိုက်သည့် သူမ

သူမဘေးသို့ တိတ်တဆိတ်သာ ဝင်ထိုင်နေ
လိုက်သည်

သူမနဲ့ နီးနီးကပ်ကပ်ရှိနေစဉ် မြေ့ နှာခေါင်းအဝမှာ လာရောက် ကျီစယ်နေသည့် မြေအမြဲ မှတ်မိနေတတ်တဲ့ သူမရဲ့ ကိုယ်သင်းရနံ့လေးက မြေ့ကို မိုက်ခနဲ

Invisible Affection  [စ/ဆုံး]Where stories live. Discover now