"မြေ..."
မိမိနောက်မှ အနူးညံ့ဆုံး အငြင်သာဆုံးလေသံလေးဖြင့် တစ်စုံ တစ်ယောက်ရဲ့ ခေါ်သံ
လှည့်ကြည့်လိုက်တော့ မိမိနှင့် ထိုအသံပိုင်ရှင်ကြား မှာမြူတွေခံပြီး ၎င်းကို ဝေးဝေးဝါးဝါးသာ မြင်နေရသည်
"era လား"
"မြေ ဘယ်သွားမလို့လဲ?
ခေတ်ကို တစ်ယောက်ထဲထားခဲ့တော့မလို့လား
ခေတ်တစ်ယောက်ထဲ အသက်မရှင်ချင်ဘူး မြေ
ခေတ်နဲ့ပြန်လိုက်ခဲ့ပါနော်"
ထိုအသံပိုင်ရှင်က မြေ့ရှေ့သို့တဖြည်းဖြည်း တိုးလာပြီး မြေ့လက်ဖဝါးတွေကို အတင်းဆုပ်ကိုင်ထားလေသည်
ခုချိန်ထိ era လို့သာခေါ်နေတာ ထိုသူ၏မျက်နှာကို ထင်ထင်ရှားရှား မမြင်ရပေ
"ကိုယ့်မှာ အသက်ရှင်စရာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘူး era"
"ခေတ်ကိုအများကြီးချစ်ပေးဖို့ အသက်ရှင်ရမယ်ဆိုရင်ရော လုံလောက်မလား မြေ"
"ဟို"
လည်ပင်းကို ပွတ်ပြီး စဉ်းစားနေတုန်း
"မြေ ပြန်မလိုက်ခဲ့ရင် ခေတ်လည်း မြေနဲ့ပဲလိုက်ခဲ့တော့မယ်"
မြေဦးတည်ထားသည့် ဘက်ကို ထွက်သွားဖို့ပြင်နေသည့် era ကို အတင်းလှမ်းတားလိုက်မိသည်
"မဟုတ်ဘူး era ကိုယ့်ကိုစောင့်ပါဦး တူတူပြန်ကြမယ်လေ နော်"
"ဒီလိုမှပေါ့ မြေရဲ့ အရမ်းလိမ္မာတာပဲ"
ဘယ်သူမှန်းသာ ကောင်းကောင်းမမြင်ရပေမယ့် မိမိ အပြောကို သဘောကျသွားသည့် ထိုသူရဲ့ အပြုံးကို ကောင်းကောင်းခံစားမိလိုက်သည်
"မြေ နင်သတိရပြီလား"
ဟင် သုသု
ဘာလဲ
ဒါ အိပ်မက်လား
ဆီးစပ်နားက အောင့်ပြီးနာနေတာကို သတိထားမိတော့မှ အိပ်မက်မဟုတ်မှန်း အလိုလိုနားလည်သွားသည်
မျက်လုံးတွေကို မနဲ အားယူဖွင့်ကြည့်ပြီး
"ခေတ် ရော"
BINABASA MO ANG
Invisible Affection [စ/ဆုံး]
Romance(unicode) အချစ်ထက် သစ္စာတရားကို ပိုအလေးအနက်ထားမိလို့ ရင်ကွဲရမယ်ဆိုလည်း ကွဲပါစေတော့ era ကိုယ့်အချစ်တွေကို နှလုံးသားနဲ့ပဲ မြင်နိုင်အောင် ခံစားပေးပြီး ဘယ်သူမှ မသိနိုင်အောင် era နှလုံးသားထဲမှာ တသတ်လုံး သိမ်းဆည်းသွားပေးပါ မင်းကိုယ့်ဆီက ကြားချင်နေတာ သိပေမ...