ရုံးပိတ်၊ ကျောင်းပိတ်ရက် ဖြစ်သည့် ယနေ့လို
တနင်္ဂနွေနေ့လေး မှာ ရုတ်တရက် မိုးဖွဲဖွဲလေးရွာနေသည့်အတွက် ခြောက်ကပ်ကပ်ဖြစ်နေ
သည့် မန္တလေးမြို့ကြီးက စိမ်းစိုနေသယောင်
ယောင်တနင်္ဂနွေလည်းဖြစ် ညနေစောင်းလည်း ဖြစ်ပြန် တော့ 78 လမ်းမကြီးပေါ်မှာ ကား၊ ဆိုင်ကယ်၊ စက်ဘီးတို့ ဥဒဟို သွားလာနေကြသည်
78' Mall အပြင်ဘက် မှန်တွေမှ တဆင့် ယံ,တစ်
ယောက်ထဲ ထိုင်နေတာ လှမ်းမြင်မိတော့ မသိမသာလေး ပြုံးလိုက်မိသည်ယံ့မျက်လုံးတွေကလည်း အပြင်သို့ လှမ်းမျှော်
ကြည့်နေသည်နာရီကြည့်လိုက်တော့ ချိန်းထားသည့် အချိန်
ထက် ၁၅ မိနစ်တောင်နောက်ကျနေပြီ"shit ဟိုကောင်တော့ နောက်ကျလို့ပြောနေ
တော့မယ်"လမ်းမြန်မြန်ဖြတ်ကူးပြီး ယံ,ထိုင်နေရာcoffee ဆိုင်လေးဆီသို့...
"မင်းကလဲကွာ နောက်ကျလိုက်တာ ငါ့မှာတော့ သစ်ကုလားအုပ်တောင်ဖြစ်တော့မယ်
ဒါနဲ့ ခြေထောက်က ဘာဖြစ်တာလဲ"
ဘောင်းဘီတို ဝတ်ထားသည့်အတွက် ပတ်တီးက ဘောင်းဘီအောက်မှ တစွန်းတစထွက်နေတာကို ယံ,မြင်သွားခြင်းပင်
"ဆိုင်ကယ်တိုက်မိလို့"
"ဘာ?"
ထိုင်နေရာမှ ဝုန်းခနဲ့ ထကာ လူကို ရှေ့တွေရော နောက်တွေရော လှည့်ပတ် စစ်ဆေးနေသေးသည်
ရုတ်တရက်ဆိုတော့ ကိုယ်တောင် ယံ့ကြောင့်အတော်လေးလန့်သွားရလေသည်
"ဘာဖြစ်သွားသေးလဲ ပြစမ်းပါဦး မသေ
ကောင်းမပျောက်ကောင်း""ဘာမှ အဲလောက် မဖြစ်ပါဘူး
ထွက်လာပြီးမှ အိမ်ပြန် အဝတ်လဲနေရလို့ဆိုင်ကယ်ခြင်းနဲ့ ခြစ်မိသွားလို့ သွေးဆို့ရုံလေးပါ
ဆေးထည့်ပြီး ဘောင်းဘီပြန်လဲနေလို့ကြာသွားတာ"
ကိုယ်ကသာပေါ့ပေါ့ပါးပါးလေးပြောနိုင်ပေမယ့် ယံ့မှာတော့ မျက်မှောင်ကြီးကြုပ်ပြီး သူ့သူငယ်ချင်းနဲ့ပတ်သတ်ပြီး မခံမရပ်နိုင်တွေ ဖြစ်ကာ မေးလို့မြန်းလို့မပြီးတော့
VOCÊ ESTÁ LENDO
Invisible Affection [စ/ဆုံး]
Romance(unicode) အချစ်ထက် သစ္စာတရားကို ပိုအလေးအနက်ထားမိလို့ ရင်ကွဲရမယ်ဆိုလည်း ကွဲပါစေတော့ era ကိုယ့်အချစ်တွေကို နှလုံးသားနဲ့ပဲ မြင်နိုင်အောင် ခံစားပေးပြီး ဘယ်သူမှ မသိနိုင်အောင် era နှလုံးသားထဲမှာ တသတ်လုံး သိမ်းဆည်းသွားပေးပါ မင်းကိုယ့်ဆီက ကြားချင်နေတာ သိပေမ...