CHAPTER 3 (zawgyi)

760 55 6
                                    

ကြောက်အားလန့်အားဖြင့် ကိုယ့်ခါးကို အတင်းဖက်တုန်းက ဖက်ထားပြီးမှ ရှက်နေသည့်ခေတ်

"မြေ ကလည်း ဖြေးဖြေးမောင်းပါ
ဒီမှာပြုတ်ကျတော့မယ်"

အရှက်ပြေပြောရင်း မိမိခါးပေါ်တင်ထားသည့် လက်ကိုဖြေလျော့ပစ်လိုက်တာ မြေ့သတိထားလိုက်မိပေမယ့်

"ဟိုကောင်တွေ အမီလိုက်ရမှာ
မင်းစကားများနေလို့ ကြာနေတာလေ"

"ဟွန်း စကားကိုချိုချိုသာသာရော ပြောတတ်ရဲ့လား မသိဘူး"

တစ်ယောက်ထဲ ပွစိပွစိ အတင်းပြောနေသည့်
ခေတ်ကို

"ကြားတယ်နော်"

"ကြားအောင်ပြောနေတာပဲ"

တစ်ယောက်နဲ့တစ်ယောက် စကားပြောရတာ
အပေါက်အလမ်းမတည့်တော့၍ ဆက်မပြော
ဖြစ်ကြတော့

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ စိမ်းစိုနေသည့် သဘာဝအလှကို တိုက်ရိုက်ထိတွေ့ခံစားရသည်မှာ ကျေနပ်စရာ

ဆိုင်ကယ်ဖြင့် ပြင်ဦးလွင်တက်ရသည့် အရသာကို ခေတ်အကျေနပ်ကြီး ကျေနပ်နေမိသည်

၆ထပ်ကွေ့ တက်တော့မှ မြေက ဆိုင်းမဆင့်ဘုံမဆင့် စ,ပြောသည့်စကားက

"ဒါနဲ့ မင်းမှာရည်းစားရှိလား era"

"တိုးတိုးပြောပါ ဘယ်နှယ့် လမ်းမကြီးပေါ်မှာ
အော်ကြီးဟစ်ကျယ်"

"လေတိုးသံတွေနဲ့လေကွာ"

"မရှိဘူး ယောက်ျားတွေကို မုန်းလို့"

"အဲဒါဆို မိန်းမတွေရောချစ်လား"

"မြေ့စကားကြီးက ဘယ်လိုကြီးလဲ"

"မင်း မိန်းမတစ်ယောက်ကို ချစ်မိသွားနိုင်လား
မေးကြည့်တာ"

"ပေါက်ပေါက်ရှာရှာ"

"မင်းကို ယံ ကြိုက်နေတာ သိလား"

"ဟမ် ဟုတ်လား"

"အင်း ခုသိသွားပြီဆိုတော့ ပြန်ကြိုက်လိုက်
တော့"

"ဟောတော့ ရှင်က ပြန်ကြိုက်ဆိုတာနဲ့ ကျွန်မက ပြန်ကြိုက်ရအောင် ရှင်က ကျွန်မအမေလား"

"အဲလိုတော့မဟုတ်ပါဘူး ချစ်ရမယ့်သူမရှိရင်
ပြောတာပါ"

"ယံ့ကို ကြိုက်ရမယ့် အကြောင်းပြချက် တစ်ခု
လောက်ပေးကြည့်ပါလား"

Invisible Affection  [စ/ဆုံး]Место, где живут истории. Откройте их для себя