CHAPTER 24 (unicode)

1.6K 148 28
                                    

"era မေးခွန်းအတွက် ကိုယ့်မှာအဖြေမရှိဘူး era"

"ရတယ်လေ မြေ့အစား ခေတ်ဖြေမယ်
ယံမိတ်ဆက်မပေးခင် ၁နှစ်ကျော်ကျော် ၂နှစ်လောက်ကတည်းက မြေ ခေတ်ကို သိနေခဲ့တာ"

တအံ့ တဩ မြေ့အကြည့်တွေက ခေတ်မျက်နှာဆီသို့ဒိုင်းကခနဲ

"ဘာလို့ အဲလိုပြောနိုင်တာလဲ"

အသံကို တမင်ထိန်းထားပါလျက်နဲ့ စိတ်လှုပ်ရှား မှုကြောင့် မြေ့အသံ အဖျားပိုင်း အနည်းငယ်ခါသွားသည်

"မြေ့ ပိုက်ဆံအိတ်ထဲက ခေတ်ဓာတ်ပုံကြောင့်ပေါ့"

မျက်စိမျက်နှာ ပျက်နေသည့် မြေ့ကို မချိုပြုံးတစ်ချက်ပြုံးပြလိုက်သည်

ပြီးမှ မြေ့မျက်ဝန်းတွေထဲ စိုက်ကြည့်ရင်း

"ဘယ်လိုလဲမြေ ခေတ်ပြောတာတွေ မှန်ရဲ့လား"

ပြောရင်းဆိုရင်း အနည်းငယ်ထပ် ရှေ့တိုးလာသည့် ခေတ်ကြောင့် မြေတို့နှစ်ယောက်မျက်နှာမှာ ထိလုထိခင်

"ကျောက်ကပ်လှူတဲ့ကိစ္စကတော့ ခေတ်နည်း ခေတ်ဟန်နဲ့ ထပ်အတည်ပြုပြီးမှ မြေ့ကို လာမေးပါတော့မယ်"

ပုလိပ်စစ် စစ်နေသည့် ခေတ်မျက်ဝန်းတွေကို မြေ,ရင်မဆိုင်လို

သို့သော် အသက်ကို ဝဝရှူ ခေတ်ကိုတည့်တည့်ပြန်ကြည့်လိုက်ပြီး

"အခုကိုယ်ပြောမယ့် စကားကို သေချာနားထောင်ပါ era

တချို့စကားလုံးတွေက အမှန်တရားဖြစ်နေရင် တောင်မှ တစ်စုံတစ်ယောက် သို့မဟုတ် လူတချို့ကို ထိခိုက်မယ်ဆိုရင် မပြောဘဲ နှုတ်ဆိတ်နေလိုက်တာ ပိုအဓိပ္ပာယ်ရှိပါတယ်

ပြီးတော့ အမှန်တရားတိုင်းက နားနဲ့ဆက်ဆက်ကြားရမှ မျက်လုံးနဲ့‌ သေ‌ချာမြင်ရမှ မဟုတ်ပါဘူး

နှလုံးသားနဲ့ နားလည်လိုက်ရတဲ့ အရာတွေရှိသလို

ဖွင့်ဟခွင့်မရဘဲ အဲနှလုံးသားမှာ ထာဝရသိမ်းဆည်းလိုက်ရတဲ့ အရာတွေလည်းရှိတယ်

ကိုယ်ဘယ်သူ့ကိုမှ မထိခိုက်စေချင်ဘူး era
အထူးသဖြင့် ကိုယ်တန်ဖိုးထားရတဲ့သူတွေကိုပေါ့

Invisible Affection  [စ/ဆုံး]Where stories live. Discover now