CHAPTER 29 (zawgyi)

822 38 11
                                    

Palermo,Sicily

Italy ရဲ့အကြီးဆုံးကျွန်းဖြစ်သည့် Sicily ကျွန်းရဲ့ မြို့‌တော်ဖြစ်တဲ့ Palermo ကို စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ရောက်ရှိလာခဲ့သည်

PMO Airport ရောက်သည်နှင့် taxi services counter ဆီသွားပြီး အလွှတ်မှတ်ထားသည် လိပ်စာတခုကို ရွတ်ပြလိုက်သည်

Airport နှင့် မြို့ထဲက ၄၅မိနစ်အချိန်ယူမောင်းနှင်ရမှာ ဖြစ်သည့်အတွက် လေယာဉ်ပေါ်မှာ ဖတ်ခဲ့သမျှ ဒီ Palermo မြို့နဲ့ပတ်သတ်တာတွေ ပြန်ပုံဖော်စဉ်းစားလာခဲ့သည်

လမ်းညွှန်မြေပုံကို လက်ထဲကိုင်ထားပေမယ့် မကြည့်မိတော့

သာယာလှပတဲ့ ရှုခင်းတွေသာ‌ ငေးမောနေလိုက်သည်
Taxi တံခါးမှန်ကိုချပြီး ပင်လယ်လေကို တဝကြီးရှုပစ်လိုက်သည်

လတ်ဆတ်လိုက်တာ
သာယာလေစွ

အမှန်တော့ ဒီမြို့ ဒီကျွန်းဆိုသည်မှာ ခေတ်အနေနဲ့ ကြားတောင်မကြားဖူးသည့်နေရာ

လာဖို့ဆိုတာ ဝေးရော မြေ့ကြောင့်သာ
မြေ့ကို နေရာအနှံ့ရှာဖွေနေခဲ့သည်မှာ ၆လခန့်ပင်ရှိခဲ့ပြီ

မြေဒီမှာရောက်နေသည်ဟု ကြားကြားချင်း အထုတ်ဆွဲက အပြေးတပိုင်းရောက်လာခဲ့ခြင်းဖြစ်သည်

ကမ္ဘာအနှံ့ camera တလုံးကိုင် လျောက်သွားပြီး freelance photographer လုပ်နေသည့် မြေနဲ့ထပ်မလွဲချင်တော့

Taxi ပေါ်ကနေ ဥဒဟို သွားလာနေကြသည့် လူတွေထဲ မြေ့ကိုတွေ့လိုတွေ့ငြား ရှာလိုက်မိသေးသည်

"ခေတ် ခေတ် ရူးပါ့ ဒီလောက်လူတွေအများကြီးထဲမှာမှ"
တယောက်ထဲတီးတိုး ရေရွတ်လိုက်သည်

ဟိုကြည့် ဒီကြည့်‌လုပ်နေတုန်း ချစ်စဖွယ် coffeeဆိုင်လေးတခုက ခေတ်မြင်ကွင်းထဲရောက်လာသည်

taxi driver ကို ရပ်ခိုင်းလိုက်ပြီး ခဏစောင့်ပေးဖို့ ပြောခဲ့လိုက်သည်

coffee ဆိုင်ထဲရောက်ရောက်ချင်း

"Hola"
တလုံးစ နှစ်လုံးစသာသိသည့် Italy ဘာသာစကားကို မရဲတရဲ စသုံးလိုက်သည်

"Hola"
ကော်ဖီဆိုင်မှ အသက် ၅၀ကျော်ခန့် လူကြီးက ပြုံးရွှင်စွာ ပြန်နှုတ်ဆက်လိုက်ပြီး ခေတ်မှာမည့် order ကိုနားစွန့်နေသည်

Has llegado al final de las partes publicadas.

⏰ Última actualización: Jun 01, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Invisible Affection  [စ/ဆုံး]Donde viven las historias. Descúbrelo ahora