CHAPTER 27 (unicode)

1.3K 131 17
                                    

ရန်ကုန် ကနေ မန္တလေးဘယ်လိုရောက်လာမှန်းတောင် သတိမရတော့စိတ်ထဲကနေ "တောင်းပန်ပါတယ် ယံ"ဆိုတာကို မကြာခဏရေရွတ်မိသည်

"ရောက်နေတာကြာပြီ အမ မဆင်းတော့ဘူးလား"

Taxi သမားသတိ‌ပေးလိုက်မှ ဘေးဘီကို မျက်စိဝေ့ကြည့်မိသည်

ကားက ဆေးရုံဝန်းထဲတောင်ရောက်နေပြီ

ကားခရှင်းပေးပြီး ဆေးရုံကြီးကို အကြောင်းမဲ့ မော့ ကြည့်နေမိသည့် မြေ့ ခြေလှမ်းတွေ ခဲဆွဲထားသကဲ့လို့ လေးလံနေသည်

ယံကို ဘယ်လိုမျက်နှာချင်းဆိုင်ရပါ့မလဲ?

ခေတ်နဲ့ရော ဘာတွေဆက်ဖြစ်မှာလဲ?

အတွေးတွေနဲ့ တစ်ယောက်ထဲ ယောက်ယက်ခတ်နေလေသည်

"ဟူး" သက်ပြင်းတစ်ချက်ချပြီး ယံ့အခန်းဆီသို့ ဦးတည်မလို့ရှိသေးသည် ခေတ်ဆီမှဖုန်းဝင်လာသည်

"မြေရောက်ပြီလား ယံမြေ့ကိုမေးနေတယ် ပြီးတော့"

"အင်း ကိုယ်တက်လာခဲ့တော့မယ် ဒါနဲ့ ပြီးတော့ ဘာဖြစ်လဲ era"

"မြေ ခေတ်တို့ ကိစ္စဒီမှာပဲရပ်ရအောင်"

မြေ ခေါင်းနပန်းကြီးသွားသည် ဆိုင်းမဆင့်ဘုံမဆင့် ဘာတွေဖြစ်ကုန်တာလဲ

"ဘယ်လို ဘာဖြစ်လို့လဲ ကိုယ်နားမလည်ဘူး"

ခေတ်ဘာတွေ တစ်ယောက်ထဲ ဆုံးဖြတ်ပစ်လိုက်တာလဲ ယံများသိသွားတာလား

"ဆေးရုံခေါင်မိုးပေါ်အရင်တက်လာခဲ့ပေးပါ မြေ"

ခေတ် ဖုန်းချသွားတာနဲ့ မြေ အပြေးတပိုင်း အပေါ်တက်လာခဲ့သည်

ရောက်ချင်ပါတယ်ဆိုမှ ဓာတ်လှေကားကပဲ လိုတာထက်ပိုကြာနေသယောင်ယောင်

အပေါ်ရောက်တာနဲ့ တွေ့တွေ့ချင်း မြေ,ခေတ်ကို တင်းကျပ်စွာဖက်ထားမိသည်

"လွမ်းလိုက်တာ era ရယ်"

"ခေတ်လည်း အရမ်းလွမ်းတယ်မြေ"

မြေ့ကိုခပ်တင်းတင်း ပြန်ဖက်ထားပေမယ့် ခဏအကြာ‌ မြေ့ရင်ဘတ်မှာစိုစိစိဖြစ်သွားသလို စိတ်ထဲမှာခံစားလိုက်ရသဖြင့် လူချင်းခွာပြီး ခေတ်မျက်နှာ ကို ငုံ့ကြည့်လိုက်စဉ်

Invisible Affection  [စ/ဆုံး]Donde viven las historias. Descúbrelo ahora