CHAPTER 15 (zawgyi)

639 44 14
                                    

Insein General Hospital

တစ်နေ့တစ်နေ့ရောက်လာတဲ့လူနာပေါင်းသောင်း ခြောက်ထောင်ကိုမလောက်မငှဝန်ထမ်းလေးလက်တစ်ဆုပ်စာဖြင့်နေ့ရောညပါဘယ်လောက်ထိပင်ပင်ပန်းပန်းပြစုကုသ‌ပေးနေရသည်ကိုခေတ်တို့ ကျန်းမာရေးဝန်ထမ်းအချင်းချင်းသာနားလည်နိုင်ကြသည်

မိမိတာဝန်ကျရာ ဆေးရုံကိုသာ အိမ်လိုသဘော ထား‌နေထိုင်‌စားသောက်ရသည့် ခေတ်တို့ဘဝကတကယ်တော့ လူတွေထင်သလောက် အထင်ကြီးအားကျစရာမကောင်းလှသည်တော့မဟုတ်

ဆေးရုံနံ့တထောင်းထောင်းနှင့် လူနာ‌တွေရဲ့ညည်းညူသံတွေကြား စိတ်ညစ်ဖို့တောင် အချိန်
မရ ဟိုကခေါ်လို့ပြေးရ ဒီကခေါ်လို့ပြေးရနှင့်

ပျားပန်းခက်များပြားလှသည့်လူနာနှင့်လူနာရှင်တွေကိုလည်း ၎င်းတို့ရောဂါအခြေအနေတွေနားလည်အောင်ပြောပြရတာ တမျိုးဆောင်ရန်ရှောင်ရန်တွေထပ်ခါတလဲလဲရှင်းပြရတဖုံနှင့်ပါးစပ်ထဲကတောင် အမြှုပ်ထွက်လုမတတ်

ကျောင်းပြီးကတည်းကရန်ကုန်ကိုposting ​လျှောက်ခဲ့ပေမယ့် မန္တလေးဆေးရုံကြီးတွင်တာဝန်၁နှစ်ထမ်းဆောင်ခဲ့ပြီးမှသာရန်ကုန်သို့
အပြောင်းကျလေသည်

ရန်ကုန်ရောက်ဖို့ခေတ်ဘယ်လောက်ထိကြိုးစားခဲ့ရလဲဆိုတာ အတာ အသိဆုံးပေ

အတာ ကတော့အိုးမကွာအိမ်မကွာပဲ အလုပ်လုပ်ချင်တယ်ဆိုပြီးမန္တလေးတွင်သာကျန်ခဲ့လေသည်

ခေတ်တစ်ယောက်သာတစ်စုံတစ်ယောက်ကိုစိတ်မကုန်နိုင်ဘဲ ထိုတစ်စုံတစ်ယောက်ရှိရာရန်ကုန်မြေသို့ မိဘတွေတားနေသည့်ကြားက မရမက
အပြောင်းလျှောက်ခဲ့ခြင်းဖြစ်သည်

ရန်ကုန်ပြောင်းမယ်လို့ဆုံးဖြတ်လိုက်ကတည်းကအတာရော ယံကပါ မရမကတားမြစ်ကြလေသည်

"ဟိုမှာ ဘယ်သူရှိလို့ပြောင်းချင်ရတာလဲခေတ်ရယ် သူများတွေဆိုအိမ်နဲ့နီး‌တဲ့မြို့ကျအောင်မနည်းကြိုးစားနေကြရတာ ခေတ်ကျမှကွာ"

"ခေတ်ပြောပြီးပြီလေ ဘယ်သူ့အကူအညီမှမပါဘဲ ခေတ်တစ်ယောက်ထဲ လွတ်လပ်စွာပျံသန်းချင်တယ်လို့"

Invisible Affection  [စ/ဆုံး]Where stories live. Discover now