CHAPTER 26 (unicode)

1.7K 157 21
                                    

မြေ့ရဲ့ တရစပ် အနမ်းတွေကြား ခေတ် တစ်ယောက် အသက်ရှူမဝချင်တော့

မြေ့ လက်မောင်းကိုထုပြီး ခဏရပ်ဖို့ပြောတာလည်း မြေ့မှာ ရပ်ဖို့အစီအစဉ်ရှိမည့်ပုံမပေါ်

နောက်ဆုံး ရင်ဘတ်ကို အားနဲ့ စောင့်တွန်းလိုက်တော့မှ ခေတ် အသက်ဝဝရှူနိုင်တော့သည်

"မြေ တော်တော်ဆိုးတာပဲ
တကယ်ပဲ ပြောမရ ဆိုမရလေး"

အဲမှာမြေတ‌စ်ယောက် ပြာယာခတ်သွားတော့တာပဲ

"ဟို ဟို ခေတ်မကြိုက်ဘူးထင်တယ်

ကိုယ်ခွင့်မတောင်းလိုက်မိဘူး

တောင်းပန်ပါတယ် ကိုယ်နည်းနည်း လွတ်သွားလို့ပါ

ခေတ် မကြိုက်ရင် မနမ်းတော့ပါဘူး"

ပြိုတော့မယ့် မိုးလို အုံ့မှိုင်းသွားပြီး မျက်နှာငယ်လေးဖြင့် တောင်းတောင်းပန်ပန်ဆိုလာသည်

(အား...ချစ်ဖို့ကောင်းလိုက်တာ

အရူးလေး!

ဘယ်သူ မင်းကို ကိုယ်နမ်းပါရစေလို့ ခွင့်တောင်းပြီး

ဘယ်သူက ရပါတယ် ကျွန်မကိုနမ်းပါလို့ ပြောတာ မြင်ဖူး ကြားဖူးလို့လဲကွယ်)

မြေ့ကို ရွှင်ရွှင်စားစားလေးကြည့် မြေ့နဖူးလေးကို လက်ညှိုးလေးနဲ့ထောက်ပြီး

"မကြိုက်ဘူးဆိုရင် ရှင် စ,နမ်းကတည်းက ပါးရိုက်ခံလိုက်ရပြီ သိရဲ့လား

အခုဟာက ‌တော်ကကျုပ်အသက်ရှုလို့မရတော့အောင် တရစပ်ကြီးကို

အင်း...မြေ့မှာလည်းမတော်တဲ့ မကျွမ်းကျင်တဲ့ အပိုင်းရှိသေးတာပဲကိုး"

ချစ်စနိုးနဲ့ စလိုက်တာကိုပင် မြေ့ခင်မျာ သဘောမပေါက်ရှာ

"ဘာလဲဟင် အဲဒါဘာလဲ"

"လူအကဲခတ် ညံ့တာ သိပြီလား ဟားဟားဟား"

"အာ" သူ့ကိုယ်သူလည်း သိသွားသည်ထင်ပါသည် ရှက်ကိုးရှက်ကန်းဖြင့် လည်ပင်းကို အကြောင်းပြချက်မဲ့ ပွတ်နေလေသည်

"လာ ရှေ့တိုးခဲ့"

ခုန တွန်းလိုက်သည့်အရှိန်ဖြင့် ခေတ်ရဲ့ လက်တစ်ကမ်းလောက် အဝေးကိုရောက်နေသည့်မြေ့ကို ပြန်တိုးလာရန် ခေါ်နေခြင်းဖြစ်သည်

Invisible Affection  [စ/ဆုံး]Where stories live. Discover now