CHAPTER 5 (unicode)

1.4K 136 13
                                    

အရမ်းကို နီးကပ်လွန်းသည့် အနေအထားကြောင့်သာ ကြောက်ကြောက်နှင့် မျက်လုံးတွေ အတင်း မှိတ်ထားလိုက်သော်လည်း...

နှုတ်ခမ်းကို လာထိသည့် မြေ့လက်ထိပ်ဖျားလေးတွေရဲ့ အထိအတွေ့ကို ခံစားမိ‌နေသည်

ဖွဖွလေး တို့ထိလာသည့် မြေ့အထိအတွေ့မှာ ရင်ခုန်သံတွေဆိုတာ ဘင်ခရာတီးဝိုင်းလို ဝုန်းဒိုင်းကျဲနေတော့သည်

ဘုရားသကြားမလို့ မြေ,မကြားသွားပါစေနဲ့

"era နှုတ်ခမ်းမှာ ကိုယ်နဲ့တိုက်မိပြီး ရေစက်
လေးတွေပေသွားလို့"

ထင်ထားသလို မဟုတ်သည့်အတွက် မျက်လုံးကို ဖျက်ခနဲ အဖွင့် အပြစ်ကင်းစွာ နူးနူးညံ့ညံ့
ပြုံးပြနေသည့် မြေကြောင့်

ကိုယ်ဘာသာ အတွေးလွန်သွားသည့်အဖြစ်ကို ရှက်‌နေမိသည်

ဘာလဲ ဟ ငါတစ်ယောက်ထဲ အဲလိုတွေးလိုက်မိတာလား အမလေး...ရှက်စရာ‌ကောင်းလိုက်တာ

မြေကိုလှမ်းကြည့်လိုက်တော့ ရေချိုးခန်းထဲက ထွက်ပြီး လုပ်စရာရှိတာကို အေးအေးလူလူ သာလုပ်နေသည်

ခေတ်ကသာ ရင်တွေခုန်နေတာ မြေက ခေတ်
ဖြစ်နေတာ သတိတောင်ထားမိပုံတောင် မပေါ်

ပြင်ဦးလွင်မှ ပြန်ရောက်ပြီးနောက် ယံ,ကသာ
ဆေးကျောင်းထဲ ချောင်းပေါက်မတပ်လာပေ
မယ့် မြေနဲ့ မတွေ့ဖြစ်သည်မှာ ၂ လပင်ပြည့်
တော့မည်

ဘယ်တွေရောက်နေတာလဲ မြေရယ်

မြေ,ကသာပေါ်မလာတာ ယံကတော့ ခေတ်ကို ချစ်ရေးဆိုလာပါတော့သည်

"ခေတ်ကို ချစ်တယ် စတွေ့ကတည်းက ချစ်မိသွားတာ ငါရည်းစားများခဲ့တာ ဝန်ခံပါတယ်

ဒါပေမယ့်ခေတ်နဲ့တွေ့ကတည်းက ဘာအရှုပ်
အရှင်းမှ မရှိတော့တာပါ"

"ခေတ် ယံ့ကို ခင်ပါတယ်

ဒါပေမယ့် ဒီထက်တော့ ပိုလိုမရဘူး"

"ငါ မိန်းကလေးဖြစ်နေလို့လား"

"အဲဒါတွေကြောင့် မဟုတ်ပါဘူး

ရင်ခုန်လို့မရတာက အဓိကပါ"

"ခေတ်ချစ်လာတဲ့ထိ စောင့်မယ်ဆိုရင်ကော"

Invisible Affection  [စ/ဆုံး]Where stories live. Discover now