CHAPTER 25 (unicode)

1.3K 171 23
                                    

မြင်းမထိဂူက ပြဿနာ‌နဲ့ဆက်စပ်ပြီး နောက်တစ်နေ့ မြေ့အနားကို ခေတ်,မတော်တဆ‌ ယောင်လို့တောင် ရောက်မလာခဲ့ပေ

တမင်ကို ရှောင်နေမှန်းသိသာလွန်းလှသည်

မြေဒီမှာထိုင်ရင်တောင် ခပ်လှမ်းလှမ်းမှာ သွားထိုင်နေတတ်သည်

မျက်နှာချင်းဆိုင်တွေ့လည်း အကြည့်လွှဲသွားလေသည်

တစ်မနက်လုံး ‌မြေလည်း ခေတ်ကြောင့် စိတ်‌တွေ ပင်ပန်းလှသည် ဘယ်လိုတောင်းပန်ရမှန်းလည်းမသိ

မြေပြောခဲ့တာတွေ လွန်သွားမှန်း ကိုယ့်ကိုကိုယ်သိပေမယ့်

ချောင်ပိတ်မေးတတ်လွန်းသည့် ခေတ်ကြောင့်

ယံ့အပေါ် ခဏခဏသစ္စာဖောက်မိတော့မလိုလိုဖြစ်သွားတာကိုလည်း မြေ့ကိုယ် မြေ လိပ်ပြာမလုံ

ဟူး ...

မြေ့စိတ်တွေ ယံ့ကို ကတိပေးခဲ့တဲ့ ‌အတိတ်နေ့စွဲတွေဆီသို့...

ခေတ်နဲ့ မန္တလေးတောင်တက်ခဲ့ပြီး ဆိုင်ကယ်ဆီပြတ်လို့ ယံပြန်လာ‌ခေါ်ပေးရတဲ့ ညက

ယံ,မြေ့ကို ပြောစရာရှိသည်ဟုဆိုကာ ဘီယာဆိုင်ခေါ်သွားပြီး မျက်နှာမသာမယာဖြင့်

"မြေ ငါ ဒီကိစ္စကို ခေတ်မသိစေချင်ဘူး"

စကားပလ္လင်ခံနေသည့်ယံ့ကြောင့် စိတ်ထဲကလည်း "ဘာပါလိမ့်" ဆိုပြီး နည်းနည်းတော့ ကြောင်တောင်တောင်ဖြစ်သွားသည်

"ငါ Singapore မှာ နှလုံးစက်သွားထည့်ရမယ် မြေ

စက်ထည့်လို့ အဆင်မပြေရင် နှလုံးလဲမှ ရ‌တော့မယ့် အနေအထားထိ ဖြစ်ကုန်ပြီ"

စားပွဲပေါ်တင်ထားသည့် ယံ့လက်တွေကို အားပေးသည့်သဘောဖြင့် မြေ,ဖျစ်ညစ်လိုက်သည်

မြေ့အားပေးမှုကို အသိအမှတ်ပြုတဲ့အနေဖြင့် ယံ ခေါင်းကို ဖျော့တော့တော့ တစ်ချက်ငြိမ့်ပြ‌လေသည်

"အဲလောက်ထိက ကုန်ကျစရိတ်လည်း အရမ်းများသလို အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာ မသေချာဘူး မြေ

Operation ကြီးကအရမ်းကြီးတယ်"

သနားစရာကောင်းလှသည့် မြေ့သူငယ်ချင်းလေးကို ကြည့်ပြီး

Invisible Affection  [စ/ဆုံး]Where stories live. Discover now