CHAPTER 23 (zawgyi)

528 35 7
                                    

"အားလုံးပဲ လူစုံပြီလား ခင်ဗျ ကိုယ်ရှေ့က ခုံတွေက နာမည်တွေနဲ့တိုက်စစ်ပြီးထိုင်‌ပေးကြပါ

နောက်ထပ် ၁၅မိနစ်ဆို စထွက်ပါမယ်"

NEO ရဲ့ project manager ဖြစ်သည့် ကိုမျိုးမင်းမှ အဆင့်သင့်လုပ်ထားရန် မိုက်ဖြင့် ကြိုသတိ‌ပေးနေခြင်းဖြစ်သည်

ဆေးပစ္စည်းနှင့် ထောက်ပံ့မည့် ပစ္စည်းများ counter check လုပ်ရန် မြေနှင့် ယံ ကားဝမ်းဗိုက်ထဲဝင်စစ်မည့် ဝန်ထမ်း၂‌ယောက်ကို စာရင်းစာရွက်နဲ့ ပြန်တိုက်စစ်ပေးနေသည်

၁၅မိနစ်ဆိုသည့် အချိန်ခဏလေးအတွင်း အမြန်စစ်ဆေးရသည့်အပြင်  မနက် ၄နာရီအချိန်ဖြစ်နေ၍ မှောင်မှောင်မဲမဲ ဓာတ်မီးထိုးပြီးစမ်းတဝါးဝါး လုပ်နေရကြသည်

"မြေရာ ရပါပြီ မင်းတိကျတာလည်း လွန်တာ
ငါတို့ ဝန်ထမ်းတွေ အထပ်ထပ်စစ်ပြီးသားပါ"

"မှန်ပါတယ် ဒါပေမယ့် ငါလုပ်တဲ့အလုပ်ကို ချွတ်ချော်တိမ်းစောင်းတာမျိုး လုံးဝလက်မခံနိုင်ဘူး

ဖြစ်လာမှ တယောက်ယောက်ကို အပြစ်တင်တာမျိုးလည်းမကြိုက်ဘူး

ခုခရီးစဉ်မှာ supporting ဘက်က တာဝန်အရှိဆုံးက ငါတို့နှစ်ယောက်လေ

ဘာပဲဖြစ်ဖြစ် လွဲမှားမှုသေးသေးလေးတခုပဲ ဖြစ်သွားဦး ငါတို့ပဲ သိက္ခာကျမှာ

အဲချိန်ကျမှ ဟိုလူ့ငေါက် ဒီလူ့ဆဲနဲ့ result ကပြောင်းသွားမှာမှ မဟုတ်တာ"

"အေးပါ ဒေါ်စာအုပ်ကြီးရယ် ဟိုမှာ ဂျာကြီး ခေါ်နေပြီ တက်ရအောင်"

ခရီးစဉ်တလျောက် စားသောက်ဆိုင်တွေမှာ ဆင်းစားလိုက် ကားပေါ်မှာ သီချင်းဆိုလိုက် စ‌လိုက်နောက်လိုက် အလုပ်အကြောင်းဆွေးနွေးလိုက်ကြနှင့် တဖွဲ့လုံး တဖြည်း ဖြည်း တသားထဲဖြစ်လာသည်

မြေတို့အဖွဲ့ရဲ့ first destination ဖြစ်တဲ့ ကလောမြို့‌ လေးသို့ နေ့လည် ၃နာရီ‌ လောက်မှ ရောက်သွားကြသည်

ဟိုတယ်မှာ အထုပ်အပိုးတွေချ ခဏတဖြုတ်နားရေမိုးချိုး ကိုမျိုးမင်းမှ ညနေစာအတွက် စာရင်းကောက်ပြီး မှာပေးသဖြင့် ကိုယ့်အခန်းမှာကိုပဲ စားသောက်လိုက်ကြသည်

Invisible Affection  [စ/ဆုံး]Where stories live. Discover now