CHAPTER 8 (unicode)

1.4K 133 20
                                    

ဒီနေ့က ဆိုင်ပိတ်ရက်လေးလည်းဖြစ် မိုးလေး
တွေကလည်း တဖွဲဖွဲကျနေပြီး မန္တလေးမြို့ရဲ့
ကောင်းကင်ပြင် တစ်ခွင်လုံး အုံ့မှိုင်းနေလေရဲ့

ရာသီဥတု အခြေအနေကလည်း ကိုယ့်ဘက်မှာဆိုတော့ ဘယ်မှ မသွားဘဲ အဆောင်မှာပဲ
ကော်ဖီလေးသောက်လိုက်

ဘယ်နှစ်ကြိမ်မြောက် ဖတ်မိမှန်း မသိသည့် ဂျူးရဲ့ "မရှိမဖြစ်မိုး" ဝတ္ထုလေးဖြင့် နှပ်နေလိုက်နှင့်

တကယ့်ကို နတ်ပြည်ရောက်နေသည့်အလား

ကိုယ့်ရဲ့ တစ်နေ့တာကို သာသာယာယာပဲ ဖြတ်သန်းနေစဉ် ရုတ်တရက်ဆိုသလို

"ဟိတ်ကောင် မြေ"

ဒါပဲ မိမိ ဇိမ်ကျနေရင် အနှောက်အယှက်က
အလိုလိုရောက်လာတတ်သည်

"မင်းကွာ တစ်နေ့တစ်နေ့ စာပဲဖတ်နေ မပျင်းဘူးလား"

မိမိ ဖတ်နေသည့် စာအုပ်ကို အတင်းလိုက်လု
တော့မှာ သိနေသည့်အတွက်

"ယံ" မမီအောင် မတ်တပ်ရပ် မြှောက်ကိုင် ထားလိုက်သည်

"ဟားဟား ဒီတစ်ခါတော့ မလုတော့ပါဘူး

မင်းကို အကူအညီတောင်း မလို့လာတာကွ" ဟုပြောလေသည်

မြေလည်း ကုတင်ပေါ်ပြန်ထိုင်လိုက်ပြီး တဆက်ထဲ

"မကူညီနိုင်ဘူး"

"ဟာ မင်းကလည်း ငါဘာမှတောင် မပြောရသေးဘူး"

"ပြောစရာကို မလိုတာ နင်တောင်းလိုက်တဲ့ အကူအညီဆိုရင် လန့်နေပြ်ီ

အမြဲတမ်း ငါ့ကို တစ်မျိုးပြီး တစ်မျိုး စိတ်အ
နှောက်အယှက် ပေးတတ်လို့"

"ဒီတစ်ခါ ပျော်စရာပါကွ မင်းကလဲ

ခေတ်ကို မန္တလေးတောင် လိုက်ပို့ပေးလိုက်ပါကွာ ငါမအားလို့"

"မန္တလေးသူကို မန္တလေးတောင် လိုက်ပို့စရာလား သူ့ဘာသာ သွားပါစေ"

"မဟုတ်ဘူးကွ ငါလိုက်ပို့မယ်ပြောပြီးသား

ဒါပေမယ့်ငါက ခု မေမေ ခိုင်းထားတဲ့ ကိစ္စနဲ့
ခဏနေ ပြင်ဦးလွင် သွားရမှာ"

"ဒါဆိုလည်း နောက်မှ လိုက်ပို့လိုက်တော့

မန္တလေး တောင်က ရှိနေဦးမှာပဲဟာ"

Invisible Affection  [စ/ဆုံး]Where stories live. Discover now