CHAPTER 14 (unicode)

1.5K 117 24
                                    

လွန်ခဲ့သည့်ညက....

လက်ရှိအခြေအနေကိုလိုက်မှီအောင်မနည်းစိတ်စုစည်းပြီး ပြန့်ကျဲနေသောအဝတ်စားတွေလိုက်ကောက်ရင်း

ကုတင်‌ခြေရင်း စောင်အောက်မှ  ထွက်နေသောခြေထောက် တစ်ဖက်မြင်လိုက်ရချိန်

"အမလေး ကိုယ်ကျိုးတွေတော့ နည်းကုန်ပါပြီ"

ဒါဆိုကုတင်ပေါ်တင်မိမိတစ်ယောက်ထဲအိပ်ခဲ့တာမဟုတ်ဘဲနောက်တစ်ယောက်ရှိနေခဲ့တာပေါ့

ခေါင်းရင်းဘက်သို့‌တဖြည်းဖြည်းတိုးကပ်သွားပြီးစိတ်လှုပ်ရှားစွာစောင်ကိုလှပ်ကြည့်လိုက်စဉ်ခေတ်အပြုံးတွေဆိုတာမနက်ခင်းတစ်ခုလုံးကိုတောက်ပသွားစေသည်အထိ

ဟုတ်ပါတယ်ကုတင်ပေါ်ကသူမှာတခြားသူမဟုတ်ပါ 

ခေတ်သိပ်ချစ်ရသည့်ခေတ်ရဲ့တစ်ဦးထဲသောသူ "မြေ"ပါ 

"ဟူး...တော်သေးတာပေါ့မြေဖြစ်နေလို့"

ခေတ်ဘာသာပြောလိုက်သည့်စကားကိုသဘော ကျစွာပြုံးလိုက်မိသည်

"အရမ်းချစ်တယ်မြေ"

မြေ့ဆံပင်လေးတွေတိတ်တဆိတ်သပ်တင်ပေးပြီးမြေ့နဖူးလေးကို ဖွဖွလေးအနမ်း ပေးပြီးချိန်မှာတော့ မြေ့ကိုယ်လေးလူးလွန့်လာသည်

"အာ...မြေနိုးသွားရင် မျက်နှာပူစရာတွေဖြစ်လာမှာ ရှက်စရာကြီးကွာ"

အဝတ်စား အမြန်ဝတ်ကာ အခန်းထဲက ခြေကိုဖွဖွနင်း  ပြန်အထွက် ဘေးခန်းမှထွက်လာသည့်အတာနှင့်ဝင်တိုက်မိလေသည်

ဒုန်း

"အား"

တိုက်မိသည့် အရှိန်ကြောင့် နှစ်ယောက်စလုံးတော်တော် အထိနာသွားလေသည်

နာသွားသည့်ပုခုံးကိုတောင်စိတ်မရောက်နိုင်အတာခေါင်းထဲတွင် မဖြေရှင်းနိုင်သည့် မေးခွန်းပေါင်းများစွာဖြင့် ပြည့်နှက်နေသည်

"ငါတို့ဘယ်ရောက်နေတာလဲခေတ် 

ငါနဲ့တူတူအိပ်နေတဲ့ကောင်မလေးကရောဘယ်သူလဲ 

ပြီးတော့bar ကနေ ဒီကိုဘယ်လိုရောက်လာတာလဲ"

ထို့‌နောက်အတာ တစ်ယောက် တစ်အိမ်လုံးစူးစမ်းသည့်မျက်လုံးဖြင့်ဝေ့ဝိုက်ကြည့်ပြီး

Invisible Affection  [စ/ဆုံး]Where stories live. Discover now