CHAPTER 13 (zawgyi)

649 41 4
                                    

beep beep

ဖုန်းသံကြားလို့သာမြေ,လိုက်စမ်းနေရသည် လူကအန်ချင်သလိုလိုနဲ့ နှာခေါင်းထဲမှာလည်း စိမ်းရွှင်ရွှင်အနံ့တွေရနေသည် 

ခေါင်းကိုလည်းဆယ်ပေါင်တူနဲ့ပဲအထုခံထားရ
သလိုလို

ဖုန်းသံကကြားသာကြားနေရသည်အိပ်ယာပေါ်မှာရော ခေါင်းအုန်းအောက်‌တွေပါ ရှာတာလည်းအနှံ့ 

ဟောတွေ့ပါပြီ  side table ဘေးပြုတ်ကျနေသည့်ဖုန်းကလေး

"Ava ‌ပြော စောစောစီးစီးကွာ"

"နာရီလေးဘာလေးလည်းကြည့်ဦး ၁၀နာရီတောင်ထိုးပြီ"

"ဘာ"

စားပွဲတင်နာရီက ၁၀နာရီတောင်၅မိနစ်စွန်းနေတာကိုပြနေသည်

"Ava မင်းပြောစရာရှိလည်းနောက်မှပြောတော့ကွာ 

ငါကျောင်းမှာ assignment တင်ရမှာ ဒါပဲနော်"

"ဟာ မြေ,အရေးကြီးတယ်ကွ ညကလေ"

Ava ပြောနေတာ‌တွေ ဆက်နားမထောင်‌အားတော့

ရေ‌‌တောင်မချိုးနိုင်တော့ဘဲ မျက်နှာ အမြန်သစ်ပြီး ကျောင်းသွားဖို့ပြင်ရတော့သည်

"စည် စည်ရေ"

အခန်းအပြင်ရောက်တာနဲ့စည့်ကိုအော်ခေါ်နေရင်းဧည့်ခန်းနှင့်ထမင်းစားခန်းထဲကပစ္စည်း‌တွေဖရိုဖရဲဖြစ်နေတာသတိထားလိုက်မိသည်

"ဘာလဲဟ သူခိုးဝင်သွားတာလား"

ထိုစဉ် ညကအဖြစ်အပျက်တွေ ဝါးတားတား 

ဟိုတစ်ကွက် ဒီတစ်ကွက်‌ ခေါင်းထဲပေါ်လာသည်

ညက မြေ့အခန်းထဲ ကောင်မလေးတစ်ယောက် အတင်းဝင်လာပုံတွေ

စကားအခြေအတင်ပြောနေကြပုံတွေ

နောက်ဆုံးအတူတူအချစ်ခရီးဆက်ပုံတွေရုပ်ရှင်အနှေးပြကွက်တစ်ခုလိုတစ်ကွက်ပြီးတစ်ကွက်

"အား"

ကိုယ့်ဘာသာလန့်ဖြန့်ပြီးကြောက်လန့်တကြားအော်လိုက်မိသည်

"ဟာဒါ...ဒါဆို 

ငါ...
ငါ ညကစည်နဲ့တူတူနေမိလိုက်တာလား 

Invisible Affection  [စ/ဆုံး]Where stories live. Discover now