Chapter 11 : Chair don

1.4K 264 6
                                    

Unicode

Chapter 11 : Chair don

ရှဲ့ကျယ် ဆက်​ပြောနေစဥ်သကာလ ချင်ရွှီကတော့ပျင်းရိစွာသူ့ရဲ့မေးကိုလက်နဲ့ထောက်ထားလေသည်။သူ့ရဲ့မျက်လုံးများကတော့သူ့ရဲ့ထိုင်ခုံတွဲဖက်လေးဆီသို့ကျရောက်လျက်။ ​​

သူက သူ့ရဲ့ပုံရိပ်လေးကိုသာတွေ့နိုင်သည်။ရှင်းသန့်ကြည်လင်နေတဲ့ မျက်နှာလေးကအာရုံစိုက်ပြီး ခေါင်းကိုငုံ့ကာအိမ်စာလုပ်နေလေသည်။နဖူးပေါ်ကိုကျလုနီးနီးဖြစ်နေတဲ့ဆံစလေးတွေရယ် သူ့ရဲ့ကျောကဖြောင့်မနေဘဲအနည်းငယ်ကွေးနေပုံလေး ဒါကိုတွေးရင်းသူဟာ မသိလိုက်ပါဘဲလက်ထဲကဘောပင်ကိုလှည့်နေမိလေတော့သည်။

သူထိုင်ခုံဇယားကိုတွေ့တုန်းကဆို အံ့သြထိတ်လန့်ခဲ့ရတယ် စိတ်ထဲမှာလည်း ကျန်းယန် နဲ့ထိုင်ရမှာကိုသိပ်မလိုလားခဲ့။သူ့ကိုယ်သူ ကျန်းယန် နဲ့နေ့တိုင်းနီးပါးသတ်နေကြမှာမြင်ယောင်လို့ရနေတယ်။ငြိမ်းငြိမ်းချမ်းချမ်းနေရမယ့်ရက်ဆိုလို့တစ်ရက်လေးတောင်ရှိလာမှာမဟုတ်ပေ။သူတို့နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်တွေ့တိုင်းရန်စောင်နေကြတာတကယ်ကိုရင့်ကျက်မှုမရှိမှန်းသူသိသည်။ကျန်းယန်နဲ့တကယ်ကိုအဆင်ပြေချင်ခဲ့ဖူးသည်။သူဘာတတ်နိုင်မှာတဲ့လဲ သူ ကျန်းယန်  ကိုတွေ့တဲ့အခါတိုင်းသူ့ပါးစပ်ကလုံးဝကိုအထိန်းကွပ်မဲ့သွားလေတော့သည်။သူလည်းပဲကူကယ်ရာမဲ့စွာခံစားနေရသည်။

ဖြစ်နိုင်တာကတော့ ကျန်းယန် ကလည်းသူနှင့်အတွေးတူကာပြီးခဲ့တဲ့ညကစာကြည့်ချိန်မှာတစ်ယောက်ကိုတစ်ယောက်အေးစက်စက်ပဲလျစ်လျှူရှုပြီးနေခဲ့ကြသည်။သူတို့ကိုက်နေတဲ့အချိန်မှာဆိုရင်တော့ အသေဆွဲဖြဲတော့မည့်ရန်သူတွေလို အဲ့လိုမှမဟုတ်ရင်တော့သူတို့ကတစ်ယောက်ကိုတစ်ယောက်မရှိသလိုသဘောထားကြသည်။

အဲ့အချိန်မှာပဲ ချင်ရွှီ က ကျန်းယန် ကိုပျင်းရိစွာနဲ့ပဲငေးကြည့်နေတယ်။ကျန်းယန် ကတော့ဒါကိုသတိမထားမိဘဲ သူ့လက်ထဲကဘောပင်ကိုသာလှည့်နေလေသည်။သူလှည့်နေရင်းအချိန်မကိုက်ဘဲ ချော်ထွက်ကာဘောပင်က ချင်ရွှီ ရဲ့ခုံအောက်သို့ကျသွားလေတယ်။

အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]Where stories live. Discover now