Chapter 6 : Irritation(Uni)

1.6K 282 9
                                    

Xie Zhe ဟာနို့လက်ဖက်ရည်တစ်ပုလင်းနှင့်အတူစာသင်ခန်းသို့ပြန်လာတယ်။သူ့ရဲ့စားပွဲခုံဆီဖြည်းဖြည်းချင်းလျှောက်သွားတယ်။သူဟာသူ့ဘေးမှာထိုင်နေတဲ့ Qin Xuဘောပင်ကိုလှည့်နေပြီးတွေဝေမိန်းမောနေတာကိုသတိထားမိတယ်။ဒါဟာတကယ့်ကိုပုံမှန်ဟုတ်မနေဘူး။

Xie Zhe ကသူ့ရဲ့နို့လက်ဖက်ရည်ကိုတစ်ငုံလောက်သောက်လိုက်ပြီးနှုတ်ခမ်းကိုသပ်လိုက်တယ် - "အစ်ကို Xuဘာမှားနေတာလဲ  မင်းကမင်းရဲ့ချစ်သူကိုကြည့်နေသလိုမျိုးကြည့်နေတဲ့ပုံနဲ့ ဒီဘောပင်ကသူမတူတဲ့အလှလေးလိုအသွင်ပြောင်းပြီးမင်းရဲ့စိတ်ဝိညာဉ်ကိုသိမ်းပိုက်လိုက်တယ်လို့တော့မပြောနဲ့နော်"

Qin Xu ကသူ့ရဲ့ပြောင်မြောက်လှသောစကားများကိုလျစ်လျူရှုပြီး ဘောပင်ကိုလှည့်နေလိုက်ရင်း သူ့ခေါင်းကိုစောင်းလိုက်တယ်။ရုတ်တရက်သူက"Jiang Yang ကငါ့ကိုဒီဘောပင်ကိုငှားလိုက်တယ်။Jiang Yang"

သူကအထူးပြုပြီးတော့တောင်အဲ့လူရဲ့အမည်ကိုထပ်ခါတလဲလဲနှင့်အလေးပေးပြီးတော့တောင်ပြောနေခဲ့တယ်။သူ့ရဲ့နက်မှောင်တဲ့မျက်လုံးအစုံဟာနားမလည်မှုတွေနဲ့ပြည့်နှက်နေတယ်။

ထိုစကားတွေကိုကြားလိုက်ရသောအခါ Xie Zhe ဟာအလွန်အံ့အားသင့်သွားပြီး သူကအဝေးမှထိုင်နေတဲ့ထိုသူကိုကြည့်လိုက်ရင်း
"သူလား?တကယ်လား?"

Xie Zhe ဟာသူ့ရဲ့နို့လက်ဖက်ရည်ကိုတစ်ငုံသောက်လိုက်ရင်းစဉ်းစားပြီးသူ့ရဲ့ခွဲခြမ်း
စိတ်ဖြာမှုကိုအစီရင်ခံလိုက်တယ်-"သူရူးသွားတာပဲဖြစ်ရမယ်။ဘောပင်တစ်ချောင်းကိုငှားလိုက်တာကအရေးမကြီးဘူးလို့ထင်ရပေမဲ့အမှန်တကယ်တော့နက်ရှိုင်းတဲ့အဓိပ္ပာယ်ကိုဖုံးကွယ်ထားတာပဲဖြစ်မယ်။ငါ့အထင်ပြောရမယ်ဆိုရင်သူကမင်းကိုတောင်းပန်ချင်ပေမဲ့​သိက္ခာကျမှာလည်းစိုးတာကြောင့်အဲ့အစားဘောပင်ငှားလိုက်တာဖြစ်မယ်။"

သူဟာသူ့ရဲ့ထင်မြင်ချက်ကိုအပြီးသတ်လိုက်ပြီးသူဟာသူ့ရဲ့စကားတွေကိုသူ့ဘာသူထောက်ခံစွာခေါင်းငြိမ့်လိုက်တယ်။Qin Xu နှင့်ပတ်သက်၍မူသူဟာQin Xuနားထောင်နေသည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ သူ့ရဲ့စကားတွေကိုသဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဒါလောက်သာသူသိသည်။

အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]Where stories live. Discover now