Chapter 13 : Exposed

1.2K 284 7
                                    

Unicode

Chapter 13: Exposed

ဟွမ်ရှောင် တစ်ယောက်အလွန်ကိုမှတုံးအလွန်းတဲ့အပြုမူတစ်ရပ်ကိုလုပ်ခဲ့ပါတော့သည်။အတန်းနားချိန်တုန်းက သူဟာ ကော်ရစ်ဒါမှာလက်ရန်းကိုမှီ၍ သက်ပြင်းချနေခဲ့သည်။ဒီဖြစ်ရပ်ကတော့ ခုလေးတင်ပြီးသွားခဲ့သောကျောင်းသား/သူများကိုယ်ပိုင်စာလေ့ကျင့်ချိန်၌ဖြစ်၏။

ဟွမ်ရှောင် အတန်းထဲကပြတင်းပေါက်နဲ့နီးတဲ့နေရာမှာထိုင်နေခဲ့ကာ ဖုန်းဆော့နေခဲ့သည်။သို့သော် နေရောင်ကထိုးနေသောကြောင့် သူ့ရဲ့ဖုန်းscreenကိုတောင်သဲသဲကွဲကွဲမမြင်ရတဲ့အပြင် သူ့မျက်လုံးတွေပါကန်းသွားမလားအောက်မေ့ရသည်။ဒါနဲ့ပဲ သူ့စိတ်ထဲအကြံလေးတစ်ခုကပေါ်ပေါက်လာတော့သည်။

သူ့ရဲ့ရေးစာအုပ် အနောက်ဘက်ကနေစာရွက်အလွတ်တစ်ရွက်ကိုဆွဲဖြဲလိုက်လေသည်။အတန်းဖော်များဆီက တိပ်တောင်းပြီးနေရောင်ကိုကာရန် ကပ်ဖို့ပြင်တယ် သို့ပေမဲ့ စာရွက်တစ်ရွက်တည်းဖြစ်တာမို့အလွန်ပါးနေသေးသည်။နောက်ထပ်နှစ်ရွက်လောက် ထပ်ဖြဲကာထပ်ကပ်လိုက်သည်။ဘောပင်ကိုဟန်ပါပါနဲ့ဆွဲထုတ်ကာ ဆိုးရွားလှတဲ့မျက်နှာပုံတွေရေးဆွဲတော့သည်။သူ့ဟာသူဆွဲပြီးပီတီတွေဖြာပြီးနောက် ပြတင်းပေါက်ပေါ်မှာကပ်တော့သည်။

ထို့နောက် Gameကိုသာဆက်ပြီးဆော့နေလေ၏။ဖုန်းscreenပေါ်က တိုက်ပွဲကသူ့ကိုအလွန်မှစိတ်လှုပ်ရှားစေကာ မျက်လုံးတွေကတောင်ဘလင်းဘလင်းဖြစ်လို့နေသည်။

သူနှစ်ပွဲလောက်ဆော့ပြီးတဲ့အခါမှာတော့ စိတ်အားထက်သန်နေတုန်းရှိနေဆဲ သူ့နောက်ကနေသူ့အားတစ်ယောက်ယောက်က ခေါ်နေတာကိုဝိုးတဝါးသိရှိနေသည့်တိုင် အရေးစိုက်ခြင်းမရှိပေ။ထိုခေါ်သံကပိုကျယ်လာကာမှာ လှည့်ကြည့်လိုက်သောအခါဝယ် သူ့အားစိတ်မရှည်စွာစိုက်ကြည့်လို့နေသော ပြတင်းပေါက်အပြင်ဘက်မှ တစ်စုံတစ်ယောက်အားတွေ့လေ၏။တိုက်တိုက်ဆိုင်သူဆွဲထားသော  ရုပ်ဆိုးဆိုးမျက်နှာပုံက ထိုသူ့မျက်နှာအားကွယ်နေသလိုဖြစ်ကာ အရုပ်ဆိုးဆိုးမျက်နှာဖုံးတစ်ခုကို ဝတ်ထားသည်နှင့်တူနေတော့သည်။

အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]Where stories live. Discover now